A d v e r t i s e m e n t With Us

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနှင့် ဝန်ကြီးဟောင်းအချို့ နေပြည်တော်မဲဆန္ဒနယ်က ဝင်ပြိုင်မည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအပါအဝင် ပြည်ထောင်စုဝန်ကြီးဟောင်းတချို့ဟာ  ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နေပြည်တော်ကောင်စီရှိ သက်ဆိုင်ရာနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးတွေထံမှာ ဩဂုတ် ၅ ရက်က ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းပါတယ်။  ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးသန်းဌေးက ဇေယျာသီရိမြို့နယ်က ဝင်ပြိုင်မှာဖြစ်ပြီး အငြိမ်းစား ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပုဗ္ဗသီရိ၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်က ဥတ္တရသီရိ၊ လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်နိုင်က ဒက္ခိဏသီရီ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း  ဦးဝဏ္ဏမောင်လွင်က ဇဗ္ဗူသီရိမြို့နယ်တွေမှာ ပြည်သူ့လွှတ်တော်အတွက် အသီးသီး ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ။ နေပြည်တော်နယ်မြေအတွင်း မဲရုံပေါင်း ၆၃၃ ရုံ ဖွင့်လှစ်ဖို့  ရွေးကောက်ပွဲမရှင်က လျာထားပြီး တပ်မတော်သားသီးသန့်မဲပေးမယ့် မဲရုံက ၄၃ ရုံ ရှိပါတယ်။  ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှ နေပြည်တော် ၈ မြို့နယ်မှာ တပ်မတော်သား တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပါအဝင် မဲဆန္ဒရှင်ပေါင်း ၈ သိန်းကျော်ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up