Home
မြန်မာသတင်း
မြန်အောင်မြို့တွင် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုနေ
DVB
·
August 5, 2020
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့မှာ ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုနေတဲ့အပြင် တာကျိုးပြီး မြို့ထဲရေဝင်လာမှာကို ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။   ဩဂုတ် ၂ ရက်က မြန်အောင်မြို့ရဲ့ မြို့ထိပ်ဖြစ်တဲ့ လွန်ဆေးမြိုင်ပန်းခြံ အနားက မြေသားတာတမံဟာ မြစ်ရေကြီးမှုကြောင့် ပြိုကျခဲ့ပြီး   တာကျိုးကျကာ မြို့ထဲကို ရေဝင်လာမှာကို စိုးရိမ်တယ်လို့ မြန်အောင်မြို့  အမှတ်(၄) ရပ်ကွက်နေ ဦးတင်ထွန်းက ပြောပါတယ်။  တာတမံ ကျိုးပေါက်သွားမယ်ဆိုရင် အစိုးရရုံးတွေ၊ ဆေးရုံအပါအဝင်မြို့ပေါ်ရပ်ကွက်တွေ အထိ ရေလွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့်  ဆည်မြောင်း၊ စစ်တပ်နဲ့ မီးသတ်တပ်ဖွဲ့ဝင် တွေ ပူးပေါင်းပြီး ကမ်းပြိုတာတွေကို ထိမ်းသိမ်းနေပါတယ်။  အဲ့ဒီလို ကမ်းပါးပြိုကျတဲ့နေရာကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနဲ့တာဝန်ရှိသူတွေ လာရောက်ခဲ့ရှုစစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်ထဲမှာ ဧရာဝတီမြစ်ရေကြောင့် မြန်အောင်မြို့ မကျည်းစု ရေကာတာမှာ ကမ်းပြိုတာတွေဖြစ်ခဲ့သလို မြို့နယ်ထဲက တခြား ကျေးရွာ အုပ်စုတွေမှာလည်း ကမ်းပြိုတာတွေနဲ့  နေအိမ်ပြောင်းရွှေ့ရတာတွေ ရှိပါတယ်။  ဒီ သြဂုတ်လ ၂ ရက်နေ့မှာတော့ လွန်ဆေးမြိုင် ပန်းခြံအနားမှာ ထပ်ပြီး ကမ်းပြိုတာတွေ ဖြစ်ပေါ်နေတာပါ။ သြဂုတ် ၅ ရက်နေ့ မနက် ၆ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ၆၈ ဒသမ ၂၀ ပေရှိနေပြီး စိုးရိမ်ရေမှတ်ထက်  ၁ ဒသမ ၂၀ ပေမြင့်တက်နေပါတယ်။ မြန်အောင်မြို့ရဲ့ အန္တရာယ်ရေမှတ်ကတော့ ၇၂ ပေ ဖြစ်ပါတယ်။   သတင်း - ကိုကိုကြည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024