Home
မြန်မာသတင်း
ကျောက်တော်မြို့နယ်၌ လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ ဒေသခံ ၄ ဦးဒဏ်ရာပြင်းထန်
ဝဏ္ဏခွာညို
·
August 4, 2020
116586538_1126628037693202_1447558548876963274_n
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တစ်လုံးကျေးရွာအတွင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကျေးရွာသား ၄ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံကျေးရွာသားတွေက ဒီဗွီဘီကို ပြောပါတယ်။ သြဂုတ် ၃ ရက် မနက် ၈ နာရီလောက်က လက်နက်ကြီးကျည်တစ်လုံး ကျောက်တစ်လုံးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ ရွာက အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တာလို့ လူမှုကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကိုကျော်လှမြင့်က ပြောပါတယ်။ ဒဏ်ရာရရှိသွားသူတွေကတော့  ဒေါ်အေးညွန့်ယဉ် (၄၅ နှစ်) ၊  ဦးကျော်သိန်း (၃၄ နှစ်)  ၊ ဒေါ်လှသန်းရီ(၅၀ နှစ်)နဲ့  ဦးစောထွန်းမောင် (၅၄ နှစ်) တို့ ဖြစ်ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ ဒေါ်လှသန်းရီ၊ ဒေါ်အေးညွန့်ယဉ်နဲ့ ဦးကျော်သိန်းတို့ကို စစ်တွေဆေးရုံကို မနေ့က ပို့ဆောင်ခဲ့ပြီး  ဦးစောထွန်းမောင်ကတော့ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ကျောက်တော်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းဝင်းက “လက်နက်ကြီးပေါက်ကွဲလို့ ဒဏ်ရာရရှိနေတယ်လို့ ဒေသခံတွေက ဖုန်းဆက်ပြောလာတာကြောင့် ကျနော်ကိုယ်တိုင်ယူခဲ့ပြီး ကျောက်တော်ဆေးရုံကိုပို့ဆောင်ခဲ့တယ်။ သုံးဦးကတော့ ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံကို ပို့လိုက်တယ်။ ကျန်တစ်ဦးကတော့ ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်” လို့ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူတွေလည်း တိုးလာနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024