DVB Logo
Home
မြန်မာသတင်း
မိုးရာသီသဘင်ပွဲ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့နှင့်အတူ Project K ဖျော်ဖြေမည် 
DVB
·
August 4, 2020
မိုးရာသီသဘင်ပွဲ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့နှင့်အတူ Project K ဖျော်ဖြေမည် 
1 / 2
Donate to DVB

လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် မိုးရာသီသဘင်ပွဲတော် တတိယ သီတင်းပတ်မှာ သဘင်ပညာရှင် မင်းသား ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့နဲ့အတူ ပရိသတ်အချစ်တော် Project K အဖွဲ့က ပါဝင်ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။

မာလာမြိုင်မိုးရာသီသဘင်ပွဲတော်အမည်ရတဲ့ ဒီပွဲတော်ကိုတော့ ဩဂုတ်လ ၁ ရက် နေ့က စတင်ကာ အပတ်စဉ် ကပြဖျော်ဖြေနေတာဖြစ်ပြီး တိုက်ရိုက်လိုက်ဖ်အနေနဲ့ အွန်လိုင်းက ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

ညစဉ် ၇ နာရီမှာ ကပြဖျော်ဖြေတဲ့ ဒီပွဲကိုတော့ Myanmar Media 7၊ 7th Sense Creation နဲ့ Malarmyaing Group တို့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပြီး ဩဂုတ်လ ၂၅ ရက်နေ့အထိ ဖျော်ဖြေသွားမှာလို့ သိရ ပါတယ်။

နှုတ်ခမ်းနီမလေးတို့ အသည်းကြော် မိန်းကလေးပရိသတ်တွေ အများစု အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေ လင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။

နောက်ပိုင်းမှာလည်း Project K အနေနဲ့ ပြည်တွင်း ပြည်ပဖျော်ဖြေပွဲတွေ များစွာ မှာ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ သူတို့အဖွဲ့ရဲ့ Stay Strong အမည်ရ မြူးဇစ်ဗီဒီယို တပုဒ် ထွက်ရှိထားခဲ့ပါတယ်။

ခုတခါမှာရော Project K နဲ့ သဘင်ပညာရှင် မင်းသား ဟန်ဇာမိုးဝင်း၊ တင်မောင် ဆန်းမင်းဝင်းတို့ ဘယ်လိုဆန်းပြားတဲ့ ကကွက်တွေ၊ ပေါင်းစပ်ဖန်တီးမှုတွေနဲ့ ဖျော်ဖြေကြ မလဲဆိုတာကို စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013