DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည် ၂၀၀၀ ကို လက်ခံမည့်နိုင်ငံ ရှာရန်မလွယ်ဟု ထိုင်းပြော
DVB
·
June 5, 2013
Donate to DVB

ထိုင်းနိုင်ငံအတွင်းမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀၀ကို လိုလို လားလား လက်ခံမယ့် နိုင်ငံကို ရှာဖွေဖို့ မဖြစ်နိုင်ဘူးလို့ ထိုင်းက ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရ မန်နာဗွီ ဆီရီဆိုဒါပေါလ်ကို ကိုးကားပြီးတော့ အေအက်ဖ်ပီသတင်းတပုဒ်မှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

သူတို့ကို လက်ခံဖို့ အသင့်ဖြစ်တဲ့ တတိယနိုင်ငံမရှိသလို သူတို့ကို လက်ခံလိုက်ရင်လည်း ထောင်နဲ့ချီတဲ့နောက်လူတွေ ထပ်လိုက်လာမှာကို ကြောက်ကြတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည်တွေက အစုလိုက်အပြုံလိုက် ထွက်ခွာလာတာဖြစ်ပါတယ်။

မလေးရှားကို ဦးတည်ထွက်ခွာလာတဲ့ သူတို့ကို ထိုင်းရေတပ်က ထိုင်းရေပိုင်နက်မှာ တွေ့ရှိပြီး တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် ထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။

ထိုင်းက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ လက်ခံမယ့်နိုင်ငံကို ရှာဖွေနေချိန် ၆ လအတွင်း ထိုင်းမှာ လက်ခံထားဖို့ ပြောဆိုခဲ့ပြီး လူပြည့်ကြပ်နေတဲ့ ထိန်းသိမ်းရေး စခန်းမှာ ရိုဟင်ဂျာတွေကို ထိန်းသိမ်းထားတာပါ။

ဒီအတွက် သူတို့ဟာ သတ်မှတ်ထားတဲ့ အချိန်ထက်ပို နေရနိုင်သလို သူတို့ကို ဘယ်အချိန်ပြန်ပို့မလဲဆိုတာကလည်း အချိန်ဇယား သတ်သတ်မှတ်မှတ် ပြောဖို့ ခက်တယ်လို့ ထိုင်းနိုင်ငံခြားရေး ပြောခွင့်ရက ဆိုပါတယ်။

ထိုင်းအစိုးရကလည်း သူတို့ရဲ့ နေရေးထိုင်ရေး အခြေအနေတွေကို ပိုတိုးတက်လာအောင် ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရကတော့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှ ပြန်ပို့တာ အကောင်းဆုံးဖြစ်ပေမယ့် မြန်မြန်ဆန်ဆန် မဖြစ်နိုင်သေးဘူးလို့ပြောပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီရိုဟင်ဂျာတွေကို ဇနီးတွေ ကလေးတွေနဲ့ ခွဲထားတာကို ထောက်ပြဝေဖန် ပြောဆိုနေတယ်လို့လည်း အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013