Home
မြန်မာသတင်း
ဟင်္သာတမြို့နယ်တွင် တာကျိုးပေါက်ပြီး အိမ်ခြေ ၆၀ ခန့် အမြန်ပြောင်းရွေ့ရန် လိုအပ်နေ
DVB
·
August 4, 2020
112998724_907860266364984_4692817669711320309_n
116139351_907860239698320_5367648662040758136_n
116155693_907860293031648_6303499343300373046_n
116773463_2433092556983438_5345906078586402937_o
116586541_907860123031665_3045716037757012012_n
116217104_907860313031646_5323517475342529575_n
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာမှာ သြဂုတ် ၄ ရက် မနက် ၉ နာရီ ၁၅ မိနစ်က ဦးမိုးလေးဖြတ် တာကျိုးပေါက်ခဲ့ပြီး လူနေအိမ် ၆၀ နီးပါး အမြန်ပြောင်းရွေ့ဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဦးမိုးလေးဖြတ်တာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ကာ ကျိုးပေါက်မယ့် အခြေအနေ ကြုံတွေ့နေရာမှ ဒီကနေ့မနက် ၇ နာရီမှစတင်ကာ ရေစိမ့်ပေါက်ပြီး ရေတွေပန်းထွက်လာကာ တာကျိုးခဲ့တာလို့ ဒေသကိုရောက်ရှိနေတဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေထံက သိရပါတယ်။ "မနက် ၇ နာရီလောက်က ကတည်းက ရေစိမ့်ပေါက်ကနေ ရေကပန်းထွက်နေတယ်။ ၉ နာရီ ၁၅ မှာပေါ့တာကကျိုးပေါက်သွားပါတယ်။ တိုက်စားမှု ပြင်းထန်ပါတယ်"လို့ တာကျိုးတဲ့ နေရာသို့ ကူညီကယ်ဆယ်ရေးလုပ်ဖို့ ရောက်ရှိနေတဲ့ ကိုကျော်ကြီး ကပြောပါတယ်။ တာကျိုးကျမှုကြောင့် အိပ်ပျက်ကျေးရွာအုပ်စုအတွင်းရှိ တာငုတ်၊ ဖောင်ဆိပ်၊ ငှက်ပျောတော ကျေးရွာတွေက အိမ်ခြေ ၆၀ လောက် အရေးပေါ်ရွှေ့ပြောင်းဖို့ လိုအပ်နေတာပါ။ တာကျိုးတဲ့နေရာကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြင့်နိုင်က "တာသစ်နဲ့တာဟောင်းကြားက ဧရိယာ တစ်မိုင် ပတ်လည် လောက်ရှိတယ်။ ရေက အမြန်ရောက်လာရင် အမြန်ဆုံးရွှေ့ပြောင်းဖို့ လိုအပ်နေပါတယ်။ရွှေ့ပြောင်းဖို့ ပစ္စည်းတွေရော လူအင်အားတွေပါ လိုအပ်နေပါတယ်"လို့ ပြောပါတယ်။ တာမကျိုးမီ အချိန်ပိုင်း မနက် ၈ နာရီလောက်မှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလည်း ရောက်ရှိစစ်ဆေးတာတွေ ပြုလုပ်ပြီး ပြန်သွားချိန်မှ တားကျိုးကျခဲ့တာလို့  ဒေသခံတွေက ပြောပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-ရှမ်းလေး(ဧရာဝတီတိုင်းမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024