Home
မြန်မာသတင်း
မကွေးတိုင်းတွင် ရေပြင်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၀၀ ခန့် လေ့ကျင့်ပြင်ဆင်ထား
DVB
·
August 4, 2020
113295456_2383092341992213_8292175172975987279_n
116446857_2383092235325557_484296243372690443_n
116270948_2383092098658904_6260001643469309458_n
116242359_2383092261992221_8817194560678088658_n
116215942_2383092191992228_3381777469121703160_n
112273835_2383092311992216_3691324215058857443_n
မကွေးတိုင်းဒေသကြီးအတွင်းမှာ မြစ်ရေကြီးမှုနဲ့ သဘာဝဘေး ရေပြင်ကယ်ဆယ်ရေး အတွက် မီးသတ်တပ်ဖွဲ့ဝင်အင်အားနဲ့ စက်ယန္တရားတွေ အဆင်သင့်ပြင်ဆင်ထားပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က “တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ တမြို့နယ်ကို ရေပြင်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၃၅ ဦးနှုန်း၊ တိုင်းဒေသကြီးအခြေစိုက် တပ်ခွဲတခွဲစာ ၁၁၆ ဦး စုစုပေါင်း ၉၉၁ ဦးကို လေ့ကျင့် သင်ကြားပေးထားတယ်။ ဒါ့အပြင် Speed Boat ၆ စီး၊ ရော်ဘာလေသွင်းလှေ ၄ စီး၊ ရေယာဉ် ၂၈ စီးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အဆင်သင့်ပြုလုပ်ထားပြီး တိုင်းအစိုးရအဖွဲ့ကလည်း စက်သုံးဆီနဲ့ ပြင်ဆင်ထိန်းသိမ်းရေးစရိတ်တွေကို လိုအပ်ချက်မရှိအောင် ထုတ်ပေးထားတယ်။” လို့ပြောပါတယ်။ ဒါ့အပြင် မြစ်ရေကြီးတဲ့ အခြေအနေကို ပြည်သူတွေ အမြန်ဆုံး သိရှိအောင် ရေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကို ရေကင်း တာဝန်ချထားပြီး မြစ်ရေတက်တဲ့ အခြေအနေနဲ့ ဆည်တမံ ရေလွှတ်တဲ့အခြေအနေတွေ၊ စိုးရိမ်ရေမှတ် အခြေအနေတွေကို လက်ကိုင် အသံချဲ့စက် တွေနဲ့ အသိပေးတာတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၅ ခုနှစ်က မြစ်ရေကြီးမှုကြောင့် လူဦးရေ သိန်းချီ သဘာဝဘေးသင့်ခဲ့လို့ ရေကြီးရေလျှံဖြစ်နိုင်တဲ့ နေရာတွေကို ဇာတ်တိုက်လေ့ကျင့်တာတွေ လုပ်ဆောင်ထားတယ်လို့ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနကနေ  သိရပါတယ်။ သတင်း- မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024