DVB Logo
Home
မြန်မာသတင်း
မဲဆောက်တောင်ကျချောင်းရေကြီး၊ မြန်မာကလေး ၂ ဦးသေဆုံး
DVB
·
June 5, 2013
မဲဆောက်တောင်ကျချောင်းရေကြီး၊ မြန်မာကလေး ၂ ဦးသေဆုံး
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ  မိုးသည်းထန်ပြီး တောင်ကျချောင်းရေကြီး တဲ့အတွက်  မြန်မာကလေးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံး၊ ကယ်ဆယ်ရေးလုပ်သား၊  အမှတ် ၄ အထူးစစ်တပ်က တာဝန်ရှိသူနဲ့ နယ်မြေခံတွေဟာ ရေစီးကြောင်းနဲ့အတူ မျောပါသွားတဲ့ ကလေး ၂ ဦးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။

အဲဒီကလေး ၂ ဦးဟာ  မောင်သီဟကို ၃ နှစ်နဲ့ မောင်ထောလေကို ၅ နှစ်တို့ဖြစ်ပြီး  မဲဆောက်မြို့ ဖရထတ်ဖာဒိုင်ရပ်ကွက်ရှိ အန်ဂျီအိုတခုက ဖွင့်လှစ်ထားတဲ့  နောင်ဗိုကျောင်းတိုက်မှာ ပညာသင်ကြားနေကြောင်း၊  ညနေပိုင်း ကျောင်းဆင်းချိန်မှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေ လျှံတဲ့အတွက် ရေထဲမျောပါသွားခဲ့တာတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ၁၀ နာရီကြာ ရှာဖွေရေး လုပ်ခဲ့ရတယ်လို့ မဲဆောက် ကယ်ဆယ်ရေးဝန်ထမ်းတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။

မဲဆောက်မြို့ခံတဦး ပြောပြချက်အရ ကလေး ၂ ဦးဟာ ညီအစ်ကိုတွေဖြစ်ပြီး ဇွန် ၃ ရက်နေ့ ညနေပိုင်းမှာ ပျောက်ဆုံးသွားကြောင်း၊ မိဘဖြစ်သူက ကလေးပျောက် တိုင်ကြားတဲ့အတွက် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေက ညတွင်းချင်း လိုက်လံရှာဖွေရာမှာ ည၁၁ နာရီလောက် သူတို့နေအိမ်နဲ့ ကိုက် ၅၀၀ အကွာမှာ သစ်ပင်နဲ့ ငြိနေတဲ့ ကလေးတဦးရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ကလေးတဦးရဲ့ အလောင်းကို ဇွန်လ ၄ ရက် မနက်အစောပိုင်း ရေလွတ်မြောင်း အပေါက်ဝနားမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းဒေးလီးနယူးမှာ ဖော်ပြထားပါတယ်။

မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ပရီချာ ကျိုင်ဖိတ်က  သေဆုံးသူ ကလေးတွေအတွက် အသုဘအကူငွေ ဘတ်ငွေ ၁ သောင်းကို  မိဘဖြစ်သူ ဦးဇော်ဝင်းကိုနဲ့ ဒေါ်လှရီတို့ကို ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013