ယောချောင်းအတွင်း ဆိပ်ဖြူ မြေတိုင်းစာရေး ၁ ဦး ရေနစ်သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ယောချောင်းအတွင်းမှာ ဆိပ်ဖြူမြေစာရင်းဦးစီးဌာန မြေတိုင်းစာရေးတဦး ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြေတိုင်းစာရေး ဦးသိန်းဇော်ဟာ သူငယ်ချင်း ၃ ဦးနဲ့ ဧရာဝတီ မြစ်ရေတက်ဝင်ရောက်နေတဲ့ ယောဝရပ်ကွက် ယောချောင်းအတွင်း သြဂုတ် ၂ ရက်နေ့ ညနေပိုင်း ရေဆင်းချိုးရင်း ရေနစ် ပျောက်ဆုံးခဲ့တာလို့ ဆိပ်ဖြူမီးသတ်ဦးစီး ဦးအောင်ဇော်လင်းက ပြောပါတယ်။ “ကျနော်တို့ မနေ့က သတင်းရရခြင်း ရှာဖွေတာ ည ၉ နာရီခွဲအထိ မတွေခဲ့ဘူး။ ဒီကနေ့မနက် ၆ နာရီလောက်က စရှာတော့ ၇ နာရီကျော်လောက်မှာ တွေ့တယ်။ သူတို့က ချောင်း ရေစီးမျှောလိုက် လိုက်ပြန်တက်ပြီး အထက်ကနေ ပြန်မျှောလိုက် လုပ်ရင်းကနေ ဖြစ်သွားတ။”  ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့က အသက်ကယ်လှေ ၁ စီး၊ တံငါလှေ ၂ စီးနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆိပ်ဖြူမြို့မရဲစခန်းမှာ သေမှုသေခင်း​ဖွင့်ပြီး အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up