ချဲလ်ဆီးဂိုးသမား ကတ်ပါကို ဝယ်ယူမည့်အသင်း မရှိနိုင်ဟု အက်ရှ်လေကိုးလ် သုံးသပ်

ချဲလ်ဆီးအသင်းအနေနဲ့ ဂိုးသမား ကတ်ပါအရစ်ဇာဘလာဂါကို ရောင်းထုတ်ဖို့ ခက်ခဲနိုင်တယ်လို့ နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်က သုံးသပ်လိုက်ပါတယ်။  စပိန်ဂိုးသမားကတ်ပါဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝုဗ်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်မရခဲ့သလို အာဆင်နယ်နဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာလည်း အရန်ခုံမှာထိုင်ခဲ့ရတာပါ။  ကတ်ပါကို ဝယ်ယူလိုတဲ့အသင်းတွေအနေနဲ့ ပေါင် ၇၁ သန်းကျော် ပေးချေရမှာဖြစ်ပြီး သူ့ရဲ့လက်စွမ်းထက် ပြောင်းရွှေ့ကြေးက  ဝယ်ယူလိုတဲ့အသင်း သိပ်မရှိနိုင်ဘူးလို့ အက်ရှ်လေကိုးလ်က သုံးသပ်ပါတယ်။  အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားနဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း အီယန်ရိုက်တို့ကတော့ ချဲလ်ဆီးအနေနဲ့ လာမယ့်ရာသီအတွက် ဂိုးသမားသစ်တဦး ဝယ်ယူရမယ်လို့ သုံးသပ်ခဲ့ပါတယ်။  ချဲလ်ဆီးအသင်းဟာ ဘန်လေဂိုးသမား နစ်ခ်ပုပ်နဲ့ အေဂျက်ဇ်ဂိုးသမား အန်ဒရီအိုနာနာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up