ဓာတ်ခွဲနမူနာ ၁,၂၃၂ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိ
DVB
·
August 3, 2020
သြဂုတ် ၂ ရက်နေ့အတွက ဓာတ်ခွဲနမူနာ ၁,၂၃၂ ခုကို နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၉၀၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ၁၁၇ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ဓာတ်ခွဲနမူနာ ၂၀၆ ခု၊ စုစုပေါင်း ၁,၂၃၂ ခုအား စစ်ဆေးခဲ့တာပါ။
နိုင်ငံခြားက ပြန်လာသူတွေကို ဓာတ်ခွဲနမူနာ စစ်ဆေးရာမှာ ဇူလိုင် ၃၀ ကနေ ဒီနေ့အထိ လူနာသစ် မတွေ့ရှိရဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၈ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၈၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ သန်းကျော်၊ သေဆုံးသူ ၆၉၂၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၁ ဒသမ ၄ သန်းကျော်ရှိပြီလို့ သိရပါတယ်။