Home
မြန်မာသတင်း
၁ နှစ်ကျော်ကြာပိတ်ထားခဲ့သည့် ရခိုင်နှင့်ချင်း အင်တာနက် အသုံးပြုခွင့်ပြန်ရ 
DVB
·
August 2, 2020
ရခိုင်ပြည်နယ် မြို့ ၇ မြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို အကြောင်းပြုပြီး ၁ နှစ်ကျော်ကြာ အသုံးပြုခွင့်ရပ်တန့်ထားခဲ့တဲ့ အင်တာနက်ကို သြဂုတ် ၁ ရက်နေ့ ညပိုင်းကစပြီး ပြန်လည်အသုံးပြုခွင့်ပေးလိုက်ပြီလို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရပါတယ်။ “မနေ့က ည ၁၀ နာရီကတည်းက ဖွင့်ပေးလိုက်ပါပြီ။ အင်တာနက် အသုံးပြုသူတွေအားလုံးထံ SMS message ပို့ပါတယ်။ Setting ထဲမှာ 2G Only မှာထားပြီး ပြန်ချိန်မှ ပွင့်မှာပါခင်ဗျ” လို့ MPT အော်ပရေတာမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ၂ဝ၁၉ သြဂုတ် ၃၁ ရက်နေ့က  ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံ စတဲ့ မြို့နယ် ၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ အင်တာနက်ပြန်ဖွင့်ပေးခဲ့ပေမဲ့ ၂ဝ၂ဝ ဖေဖော်ဝါရီမှာ ထပ်မံ ဖြတ်တောက်ထားတာပါ။ အခုအခါ အဆိုပါ မြို့နယ် ၈ မြို့နယ်အား အင်တာနက်ပြန်လည်အသုံးပြုခွင့် ဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တာဝန်ခံ  Mytel edite driector ဦးဇော်ထွန်းအောင်ကတေ “ကျနော်တို့ကို သြဂုတ် ၁ ရက်နေ့ ည ၁၀ နာရီမှာ ပြန်လည်ဖွင့်ပေးဖို့ညွှန်ကြားချက်နဲ့ ဖွင့်ပေးလိုက်ပါပြီ။ Mytel တခုတည်း မဟုတ်ဘူးဗျ။ အားလုံး အော်ပရေတာတွေဖွင့်တာပါ။ ညွှန်ကြားချက်မှာတော့ အပြောင်းအလဲရှိရင် ပြန်ပြောမယ်လိုတော့ ရေးထားတာတွေ ရပါတယ်” လို့​ DVB ကို ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ၂၀၁၈ နိုဝင်ဘာက စတင်ကာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ဇွန်က စတင်ပြီး အင်တာနက်ဖြတ်တောက်ခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ် မေ ၃ ရက်မှာ မောင်တောမြို့နယ်တခုတည်းကိုသာ အင်တာနက် ပြန်လည်သုံးစွဲခွင့်ပြုခဲ့ပြီးနောက် အခုကျန်ရှိနေတဲ့ ချင်ပြည်နယ် ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ၇ မြို့နယ်အား အင်တာနက် အော်ပရေတာတွေဖြစ်တဲ့ MPT ၊ Telenor ၊ Mytel နဲ့ Ooredoo အားလုံး ပြန်လည်ဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024