DVB Logo
Home
မြန်မာသတင်း
စက်မှုဇုန်များ ၅ နာရီခန့်သာ မီးရသည့်အတွက် အခက်ကြုံ
DVB
·
June 4, 2013
စက်မှုဇုန်များ ၅ နာရီခန့်သာ မီးရသည့်အတွက် အခက်ကြုံ
Donate to DVB

စက်မှုဇုန်တွေကို ၂၄ နာရီ မီးပေးမယ်ဆိုပေမယ့် ၅ နာရီလောက်သာ မီးရတဲ့အတွက် စက်ရုံတွေ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။

စက်ရုံလည်ပတ်ချိန်မှာ မီးမရရှိတဲ့အတွက် အခက်အခဲတွေ အများကြီးရှိနေတယ်လို့ ရန်ကုန်တိုင်း လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်က လုပ်ငန်းရှင်တဦးဖြစ်တဲ့ ကိုဝင်းကိုမျိုးက ပြောပါတယ်။

[caption id="attachment_32551" align="alignleft" width="300" caption="လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်လုပ်သားများ (ဓာတ်ပုံ- ရိုက်တာ)"][/caption]

“ဂျာနယ်ထဲ ၂၄ နာရီလို့ပါတယ်။ အခုလောလောဆယ် ပျက်နေတယ်။ မနက် ၇ နာရီကနေ နေ့ခင်း ၁၂ နာရီအထိပဲလာတယ်။ ကျနော်တို့ မီးစက်မောင်းနေရတယ်။ စက်ပစ္စည်းအကြီးတွေ ကျနော်တို့ မလည်ပတ်သေးဘူး။ မီးစက်က တနေ့ကို ၄ ဂါလန်လောက်တော့သွားတယ်။ စက်အကြီးတွေလည်မယ်ဆိုရင် ၁ နာရီကို လီတာ ၈၀ လောက် ကုန်မယ်။ မီးမရှိလို့ အလုပ်ရုံတွေက ပိတ်ရင် အလုပ်သမားတွေက ဒုက္ခဖြစ်ရော။ ပြီးခဲ့တဲ့အခေါက် မီးမလာတုန်းကဆို တချို့အလုပ်ရုံတွေ ပိတ်လိုက်တယ်။ အလုပ်မလုပ်ရရင် အလုပ်သမားတွေ ထမင်းစားဖို့ အခက်ခဲတွေ အများကြီးရှိတယ်။”

ရွှေပြည်သာစက်မှုဇုန်ဥက္ကဋ္ဌ ဦးအောင်သိန်းကတော့ မီးပြတ်တဲ့ကိစ္စ၊ မီးစက်နဲ့လုပ်ရတဲ့ကိစ္စက ဖြစ်ရိုးဖြစ်စဉ်ဖြစ်တဲ့အတွက်  အကျင့်ရနေကြပြီလို့ ပြောပါတယ်။

“ဒါကပုံမှန်ဖြစ်နေတော့ လူတွေကအကျင့်ရနေပြီလေ။ အဆင်ပြေအောင်လုပ်ရတာပေါ့၊ လုပ်ငန်းရှင်တွေ ညှိနှိုင်းပြီး မပြေလဲ ပြေအောင်လုပ်ရတဲ့ပုံစံ သွားနေတာပဲ။”

လျှပ်စစ်မီးမရရတဲ့အတွက် အသေးစားလုပ်ငန်းတွေရှိတဲ့ စက်မှုဇုန်တွေထက်  စက်ရုံကြီးတွေ အများအပြားရှိတဲ့ လှိုင်သာယာစက်မှုဇုန်၊ ဒဂုန်အရှေ့စက်မှုဇုန်နဲ့ ဆိပ်ကမ်းစက်မှုဇုန်တွေက ပိုထိခိုက်နေတယ်လို့ တောင်ဒဂုံစက်မှုဇုန် ၂ က ရုံးအဖွဲ့မှူး ဦးကျော်ကျော်ခန့်က ပြောပါတယ်။

“၂၄ နာရီမဟုတ်ဘူး။ နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ပေးဖို့ ညွှန်ကြားချက်လာတယ် ပြောတယ်။ မီးစက်နဲ့ပဲ နဂိုအတိုင်းလည်ပေါ့၊ အသေးစား၊ အလတ်စားတွေကတော့။ အကြီးစားလုပ်ငန်းတွေကတော့ မကိုက်ကြဘူး၊ ဇုန်ကြီးတွေဆို အလုပ်သမား ထောင်နဲ့ချီရှိတယ်။ သူတို့က ပို့ကုန်၊ သွင်းကုန် စနစ်တွေနဲ့က ကုန်ကြမ်းပေး ကုန်ချောယူစနစ်တွေရှိတော့ လျှပ်စစ်နဲ့က ပိုအဆင်ပြေတာပေါ့၊ မီးစက်နဲ့ကျ သူတို့ မကိုက်တော့ဘူး။ ဒီမှာတော့ အသေးစားနဲ့အလတ်စားအဆင့်ဆိုတော့ ပြဿနာ သိပ်မရှိဘူး။ မကျေနပ်လို့ တိုင်ကြားတာတွေလည်း မရှိဘူး။”

အစိုးရက အများပြည်သူတွေကို လျှပ်စစ်မီးပေးနိုင်ဖို့ မေ ၆ ရက်ကစပြီး စက်မှုဇုန်တွေကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့ပြီး အခု မိုးရာသီကာလအစပိုင်းမှာ စက်မှုဇုန်တွေကို ပြန်ပေးနေတာပါ။
လျှပ်စစ်မီးပြတ်တောက်မှုဟာ မြန်မာအစိုးရ အဆက်ဆက် ပြေလည်အောင် မဖြေရှင်းနိုင်သေးဘဲ နှစ်ကာလကြာရှည်စွာ ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်နေဆဲပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013