A d v e r t i s e m e n t With Us

အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ကန်တေနှင့် ဝီလီယံ ပြန်ပါမည်ဟု နည်းပြလမ်းပတ် အတည်ပြု

အာဆင်နယ်နဲ့ ကစားမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကန်တေနဲ့ ဝီလီယံတို့ ပြန်လည်ပါဝင်လာမယ်လို့ နည်းပြ လမ်းပတ်က အတည်ပြုလိုက်ပါတယ်။ ကွင်းလယ်လူ ကန်တေဟာ တံခေါက်ကြောဒဏ်ရာကြောင့် ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံး ၆ ပွဲ ဆက်တိုက် လွဲချော်ခဲ့တာပါ။ ဝီလီယံဟာလည်း ဝုဗ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်ကို လွဲချော်ခဲ့တာပါ။ အာဆင်နယ်နဲ့ ဗိုလ်လုပွဲမှာတော့ ကန်တေရော ဝီလီယံပါ ပြန်လည်ကစားနိုင်မှာဖြစ်ပြီး ပွဲထွက်ကစားသမား ၁၁ ဦး စာရင်းမှာ ပါဝင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ အချိန်တိုအတွင်းမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပြီး လေးစားမှုအပြည့်ရှိတယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ပထမဆုံးရာသီမှာ ဆုဖလားရယူချင်တဲ့ ဆန္ဒကတော့ ရိုးရှင်းတဲ့ဆန္ဒဖြစ်ပြီး အက်ဖ်အေဖလားကို ရယူသွားချင်တယ်လို့ နည်းပြလမ်းပတ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up