မကွေးမြို့နယ်တွင် ယာဉ်တစီး ဧရာဝတီမြစ်ထဲ ထိုးကျ
DVB
·
August 1, 2020

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ ကျွန်းစုကျေးရွာ၊ မြသလွန်ဘုရားပွဲကျင်းပတဲ့ကွင်းအနီးမှာ ဒီနေ့မနက် ၄ နာရီခွဲလောက်က FORD အမျိုးအစား ယာဉ်တစီး ဧရာဝတီမြစ်ထဲ ထိုးကျခဲ့တယ်လို့ သိရပါတယ်။
ယာဉ်ဟာ မြသလွန်ဘုရားကနေ အဆင်းလမ်းအတိုင်း မောင်းနှင်လာပြီး ခေတ္တရပ်နားစဉ် Hand Brake မဆွဲမိတာကြောင့် လမ်းဝဲဘက် တာရိုးပေါ်မှတဆင့် ဧရာဝတီမြစ်အတွင်း ရေအနက် ၁၀ ပေလောက်ကို ထိုးကျသွားတာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မကွေးတိုင်း မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးယာဉ်တွေနဲ့ သွားရောက်ပြီး မြစ်ထဲ ထိုးကျသွားတဲ့ ယာဉ်ကို Heavy Lifting and Rescue Vehicle ယာဉ်ပါ ကရိန်းနဲ့ ဘေးလွတ်ကင်းရာ လမ်းပေါ်ကို ကူညီဆွဲတင်ပေးခဲ့ပါတယ်။
ဖြစ်စဉ်ကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။