ဂျော်ဒန်နှင့် ကမ္ဘောဒီးယားတွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၈၆ ဦး ပြန်ရောက်
DVB
·
August 1, 2020
ဂျော်ဒန်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသား ၁၈၆ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပြီး မနေ့က ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ဂျော်ဒန်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံကို ပြန်ဖို့ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၂၁ ဦးကို မြန်မာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်နဲ့ တတိယအကြိမ် ပြန်လည်ခေါ်ဆောင်ပေးခဲ့တာပါ။
အလားတူ ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်ရှိနေပြီး ပြန်ဖို့ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသား ၆၅ ဦးကိုလည်း ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြန်ရောက်လာသူတွေကို ကျန်းမာရေး စစ်ဆေးပြီး ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပနိုင်ငံအသီးသီးမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လည်ခေါ်ဆောင်ခဲ့တာ ၉၅၂၈ ဦးရှိပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။