ချန်ပီယံလိဂ်ပွဲစဉ်တွင် အမ်ဘာပေ ပြန်ကစားနိုင်ရန် အခွင့်အရေးနည်းဟု နည်းပြတူချယ်ပြော

ချန်ပီယံလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ကီလီယန်အမ်ဘာပေ ပါဝင်နိုင်ဖို့ အခွင့်အရေး အလွန်နည်းသွားပြီ ဖြစ်တယ်လို့ ပီအက်စ်ဂျီနည်းပြ တူချယ်က ပြောပါတယ်။  အမ်ဘာပေဟာ စိန့်အက်တီယန်နဲ့ ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ ခြေချင်းဝတ် ဒဏ်ရာရခဲ့တာပါ။  ပီအက်စ်ဂျီအသင်းဟာ လာမယ့်သြဂုတ် ၁၂ ရက်မှာ အက်တလန္တာအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကစားရမှာပါ။  အဲဒီပွဲစဉ်မှာ အမ်ဘာပေ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ပေမဲ့ အခွင့်အရေးအလွန်နည်းတယ်လို့ နည်းပြတူချယ်က ပြောပါတယ်။  ဒါပေမဲ့ လီယွန်နဲ့ ကစားမယ့် ရှုံးထွက်ဖလားဗိုလ်လုပွဲမှာ အမ်ဘာပေ မပါဝင်ဘဲ အကောင်းဆုံးခြေစွမ်းရရှိဖို့ လိုအပ်တယ်လို့ တူချယ်က ပြောပါတယ်။  အမ်ဘာပေ မကစားနိုင်ရင်လည်း သူ့ရဲ့နေရာမှာ တိုက်စစ်မှူး အီကာဒီက အစားထိုး ကစားနိုင်လိမ့်မယ်လို့ နည်းပြတူချယ်က ဆိုပါတယ်။

//
More News
Up