A d v e r t i s e m e n t With Us

တရုတ် အသိအမှတ်ပြု ကုမ္ပဏီ ၄၃ ခု ဆန်နှင့်ဆန်ကွဲတင်ပို့ခွင့်ရရေး လုပ်ဆောင်နေ

Photo : မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
တရုတ်နိုင်ငံကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မယ့် ကုမ္ပဏီ ၄၃ ခုကို တရုတ်အစိုးရဘက်က အသိအမှတ်ပြုကြောင်း ဝက်ဘ်ဆိုဒ်မှာ ကြေညာထားပေမဲ့ တရားဝင် တင်ပို့ခွင့် ရ၊ မရ သိရှိနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် စာပို့ မေးမြန်းဆောင်ရွက်သွားဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။ ဒါနဲ့ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၃၁ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ တရုတ်စီးပွားရေးသံမှူးလည်း ပါဝင်တက်ရောက်ခဲ့တာကြောင့် မကြာခင်သီတင်းပတ်အတွင်း တင်ပို့ခွင့်ရရှိမယ် မျှော်မှန်းထားတယ်လို့ အသင်းချုပ်ရဲ့ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က DVB ကို ပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင် ၁၀ ရက်နေ့က ဒီကုမ္ပဏီ ၄၃ ခုကို တရုတ်နိုင်ငံဘက်က အရည်အသွေး ကြီးကြပ်စစ်ဆေးရေးဆိုင်ရာအချက်တွေ လက်ခံအသိအမှတ်ပြုတဲ့အကြောင်း တရုတ်နိုင်ငံရဲ့ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China – GACC) ရဲ့ ဝက်ဘ်ဆိုဒ်မှာ ကြေညာခဲ့တာပါ။  ဒါပေမဲ့ တရားဝင်အကြောင်းကြားစာ မရရှိသေးတာကြောင့် အမြန်ဆုံး တင်ပို့ခွင့် ရရှိလာအောင် အခုလိုဆောင်ရွက်တာလို့ ဆိုပါတယ်။  အရင်က တရုတ်နိုင်ငံဘက်က အသိအမှတ်ပြု ခွင့်ပြုပေးခဲ့တဲ့ ကုမ္ပဏီ ၁၁ ခုသာ ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up