ဘုန်းမောက်နောက်ခံလူ နသန်အကီကို မန်စီးတီးက ပေါင် ၄၁ သန်းဖြင့်ခေါ်ရန် သဘောတူညီမှုရရှိ

993
မန်စီးတီးအသင်းဟာ ဘုန်းမောက်နောက်ခံလူ နသန်အကီကို ပေါင် ၄၁ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
အသက် ၂၅ နှစ်ရှိ ဟော်လန်နောက်ခံလူ နသန်အကီဟာ ဘုန်းမောက်အသင်း တန်းဆင်းသွားခဲ့ပေမယ့် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ခံစစ်ပိုင်းပြဿနာ ကြုံတွေ့ခဲ့ရပြီး လာမယ့်ရာသီအတွက် နသန်အကီကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပါ။
နသန်အကီအတွက် ပေါင် ၄၁ သန်းနဲ့ ကမ်းလှမ်းမူကို ဘုန်းမောက်အသင်းက လက်ခံခဲ့ပြီး မကြာခင်မှာ အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
နသန်အကီဟာ ချဲလ်ဆီးလူငယ် ကစားသမားဟောင်းတဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဘုန်းမောက်အသင်းဆီကို ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဗလင်စီယာတောင်ပံကစားသမား ဖာရန်တောရက်စ်ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။