အေဂျက်ဇ်နောက်ခံလူ ဘတ်သ်မန်းကို ဘရိုက်တန် ခေါ်ယူ

872
ဘရိုက်တန်အသင်းဟာ အေဂျက်ဇ်နောက်ခံလူ ဂျိုးလ်ဘတ်သ်မန်းကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၈ နှစ်ရှိ ဟော်လန်နောက်ခံလူ ဘတ်သ်မန်းဟာ အေဂျက်ဇ်နောက်တန်းမှာ ဒါလေဘလင်း နဲ့ တွဲဖက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ဘရိုက်တန်အသင်းက ဘတ်သ်မန်းအတွက် ပေါင် ၉ သိန်းသာ ပေးချေခဲ့ရပါတယ်။
ဘရိုက်တန် နည်းပြ ဂရေဟမ်ပေါ်တာကတော့ ဘတ်သ်မန်းဟာ ဟော်လန်လက်ရွေးစင်အသင်းအပြင် လိဒ်မှာရော ချန်ပီယံလိဂ်မှာပါ အတွေ့အကြုံရှိတဲ့ ကစားသမားဖြစ်ပြီး သူ့ကိုခေါ်ယူနိုင်ခဲ့လို့ ကျေနပ်မိတယ်လို့ ပြောပါတယ်။
ဘတ်သ်မန်းဟာ ဗဟိုနောက်ခံလူနေရာအပြင် ညာနောက်ခံလူနေရာမှာလည်း ကစားနိုင်တယ်လို့ သိရပါတယ်။
ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လီဗာပူးကွင်းလယ်လူ လယ်လာနာကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။