DVB Logo
Home
မြန်မာသတင်း
မြန်မာငွေတန်ဖိုး မြင့်တက်ရန် လိုသေးကြောင်း လုပ်ငန်းရှင်များ ပြော
DVB
·
June 3, 2013
မြန်မာငွေတန်ဖိုး မြင့်တက်ရန် လိုသေးကြောင်း လုပ်ငန်းရှင်များ ပြော
Donate to DVB

နိုင်ငံခြားငွေနဲ့ အစိုးရကိုပေးဆောင်ရမယ့် အခွန်ငွေတွေကို မြန်မာကျပ်ငွေနဲ့သာ ပေးဆောင်ရတော့မှာဖြစ်ပေမယ့် အမေရိကန်ဒေါ်လာဈေးနဲ့ယှဉ်ပါက မြန်မာကျပ်ငွေတန်ဖိုး မမြင့်လာနိုင်သေးကြောင်း သွင်းကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်တွင်းထုတ်ကုန်တွေ များများတင်ပို့နိုင်မှသာ မြန်မာကျပ်ငွေ တန်ဖိုး မြင့်လာနိုင်မှာဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့နာယကတဦးဖြစ်တဲ့ ဦးမြတ်သင်းအောင်က ပြောပါတယ်။

“ကုန်ပစ္စည်းများများ ထုတ်ရောင်းမှ မြန်မာငွေဈေးကတက်မယ်၊ ခိုင်မာမယ်။ အခွန်ကတော့ မြန်မာငွေနဲ့အစိုးရအခွန်ယူရင် မြန်မာငွေ ခိုင်မာမယ်ထင်တာကိုး။ အန်ကယ့်အမြင်ကတော့ ခိုင်မာတယ်ဆိုတာက အခုတလော ဈေးကျတာက ပို့ကုန်နဲ့ သွင်းကုန်က မမျှဘူးလေ။ သွင်းကုန်ကတော့ ပုံမှန်အသုံးစရိတ်က သွားနေတယ်။ အဲတော့ ဒေါ်လာဈေးပိုတက်သွားတာပေါ့။ အဲဒါတွေနဲ့ ပိုဆိုင်ပါတယ်။ နိုင်ငံခြားကို ပစ္စည်းများများမပို့နိုင်ရင် ဒေါ်လာဈေးကတက်မှာပဲ။”

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ရှိလာပေမယ့် သွင်းအားစုလိုအပ်ချက်တွေကြောင့် မြန်မာငွေက ဆက်လက်တန်ဖိုးကျလာနိုင်ကြောင်း သွင်းကုန်လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးဌေးအောင်က ပြောပါတယ်။

“အခွန်အခတွေကို မြန်မာငွေနဲ့ ပေးဆောင်ပါဆိုတာက အတူတူပဲလေ။ အရင်တုန်းကလည်း ပေါက်ဈေးနဲ့ ဒေါ်လာကို ၀ယ်သွင်းနေရတာလေ။ ၀ယ်မသွင်းရတော့ ဒေါ်လာဈေးနည်းနည်းကျမယ်၊ မြန်မာငွေမာလာမယ့်သဘောပေါ့။ တကယ်တော့ မကျပါဘူး။ ဈေးကျဖို့ အခွင့်အလမ်းနည်းပါတယ်။ မြန်မာငွေတန်ဖိုးက ဆက်ကျဦးမှာ။ တန်ဖိုးတက်ဖို့ အခွင့်အလမ်း နည်းတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ အများကြီး လုပ်တယ်။ နိုင်ငံခြားသွင်းကုန်တွေ အများကြီးပို့တယ်။ ပို့ကုန်နဲ့သွင်းကုန် အဆပေါင်းများစွာကွာနေတယ်။ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့က နိုင်ငံခြားငွေ ရပေါက်ရလမ်းက အရမ်းနည်းတယ်။ ရင်းနှီးမြှုပ်နှံမှုတွေလာရင်လည်း တည်ဆောက်ရေးလုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းက နိုင်ငံခြားကပဲ ပြန်သွင်းရတာဆိုတော့ မြန်မာငွေလဲနှုန်းက မာလာစရာအကြောင်းမရှိဘဲ လိုအပ်ချက်တွေ များများလာလို့ နိုင်ငံခြားငွေ ပိုတက်လာဖို့ပဲ ရှိတယ်။ ကျသွားဖို့ မရှိဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013