“လူးလူးစိန်” ဟာသရုပ်သံဇာတ်လမ်းတွဲ ဇူလိုင် ၃၁ ထုတ်လွှင့်မည်(နမူနာ)
DVB
·
July 29, 2020

အကယ်ဒမီ သရုပ်ဆောင်မင်းသမီး စိုးပြည့်သဇင် ခေါင်းဆောင်ပါဝင်ထားတဲ့ “လူးလူးစိန်” ဟာသရုပ်သံဇာတ်လမ်းတွဲကို လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်လွှင့်ပြသ သွားမယ်လို့ သိရပါတယ်။
ဒီရုပ်သံဇာတ်လမ်းတွဲကိုတော့ Myanmar Media 7 မှ ထုတ်လုပ်ပြီး Aung Pyi Entertainment မှ စီစဉ်ရိုက်ကူးထားတာ ဖြစ်ပြီး ကျောင်းတော်သားရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ အောင်ဩဘာက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာတော့ စိုးပြည့်သဇင်၊ ကျော်ကျော်၊ မေဘရဏီသော်တို့နဲ့အတူ တခြား သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာဖြစ်ပြီး လူးလူးစိန်၊ ရိုစီ၊ ဆောင်းခနှင်းစတဲ့ ဇာတ်ကောင်တွေရဲ့ ကမောက်ကမ ဟာသအလွဲအချော် ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီရုပ်သံဇာတ်လမ်းတွဲကိုတော့ 5 Plus ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပြီး အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ ည ၈.၃၀ နာရီမှာ ပုံမှန်ထုတ်လွှင့်ပြသ ပေးသွားမှာ ဖြစ်ပါတယ်။