ဖားကန့်မြို့နယ် လုံးခင်း ဖုန်းလိုင်း ပြုပြင်ပေးပါ
DVB
·
June 3, 2013
ကျနော်ပြောချင်တာက ဖုန်းလိုင်းအကြောင်းကို နိုင်ငံတော်သမ္မတကို တိုင်ရမလား ဆက်သွယ်ရေးဝန်ကြီးကို တိုင်ရမလား၊ နှစ်ယောက်စလုံးကိုပဲ ဒီဗွီဘီကတဆင့် ပြောပေးဖို့ တောင်းဆိုချင်ပါတယ်။
တိုင်ကြားချင်တာက ကျနော်တို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းမှာ ညပိုင်း ၁၀ နာရီ ထိုးရင် ဖုန်းလိုင်း ပိတ်လိုက်ပြီ။ မနက်ပိုင်း ၈ နာရီထိုးခါနီးမှ လိုင်း ပြန်ဖွင့်ပေး လုပ်နေတာ ၂ လ ကျော်ရှိနေပြီ။ ဖုန်းလိုင်းတိုးချဲ့နေလို့လားဆိုရင်လည်း တခြားနေရာမှာတော့ ဖုန်းလိုင်းကရနေတယ်။ နေ့ခင်းလောက်မှာဖွင့်ပေးသော်လည်း လိုင်းက ကျလိုက်၊ တက်လိုက် အဆင်မပြေဘူး။ အင်တာနက်လည်း မသုံးရတာကြာနေပြီ။ အရင်တုန်းကတော့ ဒီလိုမဖြစ်ဘူး။
အခုနောက်ပိုင်း ကြာလေဆိုးလေ ဖြစ်သွားပြီ။ ဘာကြောင့်ဒီလိုဖြစ်သလဲဆိုတာကို နိုင်ငံတော်သမ္မတနဲ့ ဆက်သွယ်ရေးဝန်ကြီးတို့ အမြန်ဆုံးစစ်ဆေးပေးပြီး ပြည်သူအတွက် အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးပါဖို့ တင်ပြအပ်ပါတယ်။