ပါတီဟောင်းများ ဖျက်သိမ်းပြီးမှ ပါတီသစ် ပြန်ဖွဲ့နိုင်မည်
DVB
·
June 3, 2013
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတွေ စုပြီး ပါတီသစ်တခု တည်ထောင်ချင်ရင် လုပ်ကိုင်ဆောင်ရွက်ရမယ့် အချက်တွေ ညွှန်ကြားလာရာမှာ ပေါင်းစည်းချင်တဲ့ မူလပါတီတွေကို အရင် ဖျက်သိမ်းရမယ်ဆိုတဲ့ အချက် ပါဝင်လာကြောင်း ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဒီဗွီဘီကို ပြောပါတယ်။
ညွှန်ကြားစာမှာ ပေါင်းစည်းချင်တဲ့ ပါတီတွေအနေနဲ့ မူလ ပါတီဟောင်းကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူး လက်မှတ်ရေးထိုး ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပါတီဟောင်းက ပိုင်ဆိုင်တဲ့ ပစ္စည်းအားလုံးကိုလည်း ပါတီသစ်ဆီ လွှဲပြောင်းပေးရမယ်လို့ ဆိုပါတယ်။ ပြီးမှသာ ပေါင်းစည်းမယ့် ပါတီနာမည်၊ အသုံးပြုမယ့်အလံနဲ့ တံဆိပ်စတာတွေ ကော်မရှင်ဆီ တင်ပြပြီး ကော်မရှင်ကလုပ်ထုံးလုပ်နည်းနဲ့ အညီ စိစစ်မယ်လို့ ဆိုပါတယ်။
လက်ရှိ ရွေးကောက်ပွဲအနိုင်ရ ချင်း ၂ ပါတီ ပူးပေါင်းဖို့ ကော်မရှင်ဆီ တင်ပြထားပြီး ရခိုင်၊ မွန်နဲ့ ရှမ်းတိုင်းရင်းသားပါတီတွေကလည်း ပေါင်းစည်းရေး ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။