၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း တရုတ်ပြည်သွားမည်
DVB
·
June 3, 2013
လာမယ့် ဇွန် ၅ ရက်နေ့ကျရင် တရုတ်နိုင်ငံ အစိုးရရဲ့ ဖိတ်ကြားချက်အရ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံကို အလည်အပတ် သွားရောက်မယ်လို့ သွားရောက်မယ့် အဖွဲ့ခေါင်းဆောင် ဦးမြအေးက ဒီဗွီဘီကို ပြောပါတယ်။
ခရီးစဉ်ဟာ ၁ ပတ် ကြာမြင့်မှာဖြစ်ပြီး ဘေဂျင်းမြို့မှာ တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရဟာ အရင်က အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ပဲ ဆက်ဆံနေရာကနေ အခုနှစ်အတွင်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ အခြားပါတီတွေ၊ တိုင်းရင်းသားပါတီတွေ၊ အန်အယ်လ်ဒီပါတီတွေနဲ့ပါ ထိတွေ့ဆက်ဆံလာပြီး တရုတ်နိုင်ငံထဲ အလည်အပတ် ခရီးစဉ်တွေ စီစဉ်ပေးခဲ့တာမှာ အခုနောက်ဆုံး ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။