DVB Logo
Home
မြန်မာသတင်း
ထိုင်းပင်လယ်ပြင်တွင် လှေစီးခိုးဝင်သူ ၁၂ ဦး ရေနစ်သေဆုံး
DVB
·
June 3, 2013
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်က ထိုင်းပိုင်နက်ရေပြင်ထဲမှာ မေ ၃၁ ရက်နေ့က လှေမှောက်ပြီးတဲ့နောက် ရေထဲမျှောနေတဲ့ အလောင်း ၁၂ လောင်း ကို တွေ့ရှိတယ်လို့ ရနောင်းမြစ်ဝ ရဲစခန်းက ပြောပါတယ်။

“မေ ၃၁ ရက် မနက် ၂ နာရီကျော်က ပင်လယ်ပြင် လုံခြုံရေးတပ်ဖွဲ့က ကင်းလှည့်ရာမှာ ကော်ချန့်ကျွန်းရဲ့ အနောက်ဘက်က မသင်္ကာဖွယ် စက်လှေ ၁ စီးတွေ့လို့ အချက်ပေးပြီး တားဆီးခဲ့တယ်။ ဒါပေမယ့် လှေက ရပ်မသွားဘဲ အရှိန်မြင့် မောင်းပြီး  ရာသီဥတုကလည်း လှိုင်းကြီးလေထန်တဲ့အတွက် မတော်တဆ လှေတိမ်းမှောက်မှု ဖြစ်သွားခဲ့တာပါ။ အဲဒီနေ့မနက်က  အမျိုးသား အလောင်း ၃ လောင်း ဆယ်ယူတွေ့ရှိခဲ့ပြီး ဇွန် ၂ ရက်နေ့မှာ နောက်ထပ် ၉ လောင်း တွေ့တယ်။ လှေပေါ်မှာ အသက်ရှင်ကျန်ရစ်သူ ၄၀ ကျော် ကျန်တယ်။ သူတို့ဟာ ထိုင်းနိုင်ငံထဲကို ခိုးဝင်ဖို့ ကြိုးစားသူတွေဖြစ်တဲ့အတွက် တရားဥပဒေအရ အရေးယူဖို့ ရနောင်းမြို့နယ် တရားရုံး အချုပ်ခန်းမှာ ထိန်းသိမ်းထားတယ်။”

ဒီသတင်းနဲ့ ပတ်သက်ပြီး ထိုင်းသတင်းဌာနက ဖော်ပြထားတာမှာ  ရနောင်းမြစ်ဝရဲစခန်းက တာဝန်ရှိသူနဲ့ ရနောင်းလူမှုကယ်ဆယ်ရေး ဖောင်ဒေးရှင်းက ရေနစ်သူတွေကို မိုးထဲရေထဲကနေ ၄ နာရီကြာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၅ ဦး နဲ့ ကလေး ၁ ဦး စုစုပေါင်း ၃၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသား ၃ ဦး ရဲ့ အလောင်းကို တွေ့ခဲ့တယ်လို့ ရနောင်းမြစ်ဝရဲစခန်း တာဝန်ကျ ရဲကင်းမှူး ဥဒုမ်းကမ်နိုတ်က သတင်းဌာနကို ပြောပါတယ်။

ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်ရာမှာ ဇွန် ၂ ရက်နေ့မှာတော့ ကော်ချန့်ကျွန်းစုနဲ့ ကော်ဖယမ်းကျွန်းစုအနီးတ၀ိုက် ပြန့်ကျဲနေတဲ့  အမျိုးသား ၆ ဦး နဲ့ အမျိုးသမီး ၃ ဦးတို့ရဲ့ အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ရဲကင်းမှူးက ဆက်ပြောပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ လှေပေါ်ပါလာတဲ့သူအားလုံးဟာ မြန်မာနိုင်ငံ ကော့သောင်းခရိုင် ကနေ ထိုင်းနိုင်ငံထဲကို တရားမ၀င်လမ်းကြောင်းက ၀င်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံဘက်ကလာသူတွေ ဖြစ်ပြီး အသက်ရှင်နေသူတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့အလောင်းကို ရနောင်းဆေးရုံကြီးမှာ ထားရှိပြီး သက်ဆိုင်ရာဆွေမျိုးတွေ   လာရောက် ထုတ်ယူနိုင်ဖို့အတွက် ထိုင်းမြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို အကြောင်းကြားထားတယ်လို့။ ရဲကင်းမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013