A d v e r t i s e m e n t With Us

ဂျာမနီတွင် လူနေအိမ်ပေါ် လေယာဉ်ပျက်ကျ၊ ၃ ဦးသေဆုံး

ဂျာမနီနိုင်ငံမြောက်ပိုင်း နော့ရိုင်းသ်ဝက်စ်ဖှာလီယာပြည်နယ်က လူနေအဆောက်အအုံ တလုံးပေါ် လေယာဉ်အသေးစားတစီး ပျက်ကျလို့ လူ ၃ ယောက် သေဆုံးပြီး ကလေး ၁ ယောက် ဒဏ်ရာရတယ်လို့ ရဲက ဇူလိုင် ၂၅ ရက်မှာ ပြောပါတယ်။  လေယာဉ်ပျက်ကျလို့ ဝက်စ်ဆယ်မြို့က တိုက်ခန်းတွဲ အဆောက်အအုံအမိုး မီးလောင်ခဲ့ တယ်လို့လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။  အဆောက်အအုံမှာ တွေ့ရတဲ့ သေဆုံးသူတွေထဲမှာ လေယာဉ်မှူး ပါသလားဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ လေယာဉ်ဟာ မိုးပျံပူဖောင်းနဲ့ တိုက်မိပြီး အဆောက်အအုံပေါ် ပျက်ကျခဲ့တာလို့ မျက်မြင်သက်သေတွေက ဒေသခံမီဒီယာကို ပြောပါတယ်။ “အဆောက်အအုံမှာနေတဲ့ ကလေးတယောက် ဒဏ်ရာနည်းနည်း ရတယ်။ လေထီးတခု အနားမှာ တွေ့တယ်။ လေယာဉ်ရဲ့ အရေးပေါ် လေထီး ဖြစ်ပုံရတယ်” လို့ ဒေသခံရုပ်သံက ကြေညာ ပါတယ်။

A d v e r t i s e m e n t With Us

More News
Up