Home
မြန်မာသတင်း
စင်ကာပူနှင့် ထိုင်ဝမ်တွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ပြန်ခေါ်
DVB
·
July 26, 2020
စင်ကာပူနဲ့ ထိုင်ဝမ် (တရုတ်-တိုင်ပေ) မှာ အခက်အခဲကြုံနေတဲ့ မြန်မာသင်္ဘောသားတွေအပါအဝင် ၁၀၀ ကျော်ကို ဒီနေ့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စင်ကာပူနိုင်ငံ နိုင်ငံတကာသင်္ဘောတွေပေါ်မှာ တာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံ ပြန်လည်ထွက်ခွာဖို့ စောင့်ဆိုင်းနေကြတဲ့ မြန်မာသင်္ဘောသား ၄၅ ဦးကို သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီတွေရဲ့ စီစဉ်ပေးမှုနဲ့ ဒီနေ့မနက် ၁၁ နာရီခွဲက စင်းလုံးငှားလေယာဉ် (MAI) နဲ့ စင်ကာပူနိုင်ငံကနေ ရန်ကုန်မြို့ကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ အလားတူ ထိုင်ဝမ် (တရုတ်-တိုင်ပေ) မှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြပြီး အလုပ်လက်မဲ့ဖြစ်နေသူတွေ၊ တာဝန်ပြီးဆုံးတဲ့ မြန်မာသင်္ဘောသားတွေ၊ ပညာသင်ပြီးဆုံးသူတွေအပါအဝင် အလည်အပတ် ရောက်ရှိနေပြီး လေကြောင်းသွားလာမှု ရပ်ဆိုင်းလိုက်တာကြောင့် သောင်တင်နေတဲ့ မြန်မာနိုင်ငံသား ၅၈ ဦးကိုလည်း ဒီနေ့မနက် ၇ နာရီက CI- 7915 ကုန်တင်လေယာဉ်နဲ့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ ပြန်လည်ရောက်ရှိလာသူတွေကို ၂၁ ရက်တာ အသွားအလာ ကန့်သတ် စောင့်ကြည့်တာတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024