ပရီးမီးယားလိဂ်ဂိုးအများဆုံးစံချိန် ဂရင်းဝုဒ် ချိုးဖျက်နိုင်လိမ့်မည်ဟု အလန်ရှီးယားသုံးသပ်

မန်ယူလူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးစံချိန်ကို ကျော် ဖြတ်နိုင်စွမ်းရှိကြောင်း တိုက်စစ်မှူးဟောင်းအလန်ရှီးယားက သုံးသပ်လိုက်ပါတယ်။  အင်္ဂလန်နဲ့နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယားဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၆၀ သွင်းယူထားပြီး ဂိုးအများဆုံး ကစားသမားအဖြစ်စံချိန်တင်ထားတာပါ။ အသက်၁၈နှစ်ပဲရှိသေးတဲ့ ဂရင်းဝုဒ်ဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀ ဂိုး သွင်းယူထားပြီး ပြိုင်ပွဲစုံမှာတော့ စုစုပေါင်း၁၇ဂိုးသွင်းယူထားပါတယ်။  ပရီးမီးယားလိဂ် သွင်းဂိုးစံချိန်ရှင် အလန်ရှီးယားကတော့ ဂရင်းဝုဒ်ဟာ နောက်ထပ် ၁၂ နှစ် ၁၃နှစ်ခန့်ကြာတဲ့အချိန်မှာ သူ့ရဲ့စံချိန်ကို ချိုးဖျက်နိုင်မယ့်အလားအလာတွေ ဂရင်းဝုဒ်မှာရှိတယ်လို့ ချီးကျူးခဲ့ပါတယ်။  ဂရင်းဝုဒ်ဟာ အလားအလာအကောင်းဆုံးတိုက်စစ်မှူးဖြစ်ပြီး ဘယ်ခြေရော၊ညာခြေနဲ့ပါ ဂိုးသွင်းနိုင်တဲ့ စွမ်းဆောင်ရည်ကို လေးစားတယ်လို့လည်း အလန်ရှီးယားက ချီးကျူး ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ အလန်ရှီးယားရဲ့သွင်းဂိုး၂၆၀ စံချိန်နောက်မှာ ဝိန်းရွန်းနီက ၂၀၈ ဂိုး နဲ့ ဒုတိယနေရာမှာရပ်တည် နေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up