စောဒေးဗစ်လားအမှု ဩဂုတ် ၆ ရက်နေ့ အမိန့်ချမည်
ဇေယျာချမ်းအေး
·
July 23, 2020
ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့အမှုကို မရမ်းကုန်းမြို့နယ်တရားရုံးက ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့ မှာ ၁၄ ကြိမ်မြောက်ရုံးချိန်း ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ဒီနေ့ တရားရုံးမှာ နှစ်ဘက်အပြီးသတ်လျှောက်လဲချက်တင်ခဲ့ကြပါတယ်။ အမှုအသွားအလာ အရ အပြီးသတ် လျှောက်လဲချက်တင်ကြားနာပြီး ဩဂုတ်၆ ရက်နေ့မှာ စီရင်ချက်အမိန့်ချမယ်လို့ တရားရုံးက ပြောပါတယ်။
အမှုကို ဇွန်လ ၃ ရက်နေ့မှာစတင်တရားစွဲခဲ့တာဖြစ်ပြီး ရက်ပေါင်း ၆၀ ကျော်အကြာမှာ အမိန့်ချနိုင်တော့မှာဖြစ်ပါတယ်။
ဇူလိုင် ၂ ရက်နေ့ ၉ ကြိမ်မြာက်ရုံးချိန်းမှာ စောဒေးဗစ်လားတို့ကို တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅နဲ့ စွဲချက်တင်ထားတာပါ။
ဇွန်လ ၃၀ ရက်နေ့ရုံးချိန်းမှာ တရားလိုနဲ့တရားပြိုင်နှစ်ဘက်က စွဲချက်တင်သင့် မတင်သင့်ကို အပြိုင်လျှောက်လဲချက်တင်ခဲ့ပါတယ်။ တရားလိုဘက်က လျှောက်လဲချက်ဟာ ခိုင်လုံတယ်လို့ တရားသူကြီးက ယူဆတဲ့အတွက် စွဲချက်တင်ခဲ့တာပါ။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက်တွေအရ ပြစ်မှုထင်ရှားရင် ၃ နှစ်ထက်မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံရမှာပါ။