DVB Logo
Home
မြန်မာသတင်း
နံရံတွင် သမ္မတပုံဆွဲသူ ဒဏ်ငွေ ၁ သိန်း ချမှတ်ခံရ
DVB
·
May 30, 2013
နံရံတွင် သမ္မတပုံဆွဲသူ ဒဏ်ငွေ ၁ သိန်း ချမှတ်ခံရ
Donate to DVB

သမ္မတဦးသိန်းစိန်ရဲ့ပုံကို နံရံမှာ ဂရပ်ဗတီ ပန်းချီရေးဆွဲခဲ့တဲ့ ကိုအာကာကျော် ဒဏ်ငွေ ၁ သိန်း ပေးဆောင်လိုက်ရပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ပုံကို ချော်တွင်းကုန်း မီးပွိုင့်အနီးက အုတ်နံရံမှာ ဂရပ်ဗတီ လို့ အမည်တွင်တဲ့ နံရံပေါ်ပန်းချီရေးဆွဲခဲ့တဲ့ ကိုအာကာကျော်ကို လှိုင်မြို့နယ် စည်ပင်တရားရုံးက ဒီကနေ့ ဒဏ်ငွေ ၁ သိန်း ချမှတ်လိုက်ပါတယ်။

ခြံနံရံပိုင်ရှင်က ဘာမှမပြောပေမယ့် စည်ပင်သာယာက အရေးယူခဲ့တာ ဖြစ်တဲ့အတွက် နောက်အဲဒီလိုနေရာတွေမှာ မရေးဆွဲတော့ဘူးလို့ ကိုအာကာကျော်ကပြောပါတယ်၊

[caption id="attachment_40098" align="alignright" width="300" caption="Photo_ Arker Kyaw Facebook"][/caption]

“သမ္မတမွေးနေ့တုန်းက ချော်တွင်းကုန်း မီးပွိုင့်နားမှာဆွဲတာ။ ဆိုဒ်တော့ မခန့်မှန်းတတ်ဘူး။ နည်းနည်းကြီးတယ်၊ ပုဂ္ဂလိကနံရံမှာဆွဲတယ်။ အဲဒီ အိမ်ကလည်း ဘာမှမပြောပါဘူး။ စည်ပင်ကထုတ်ထားတဲ့ ဥပဒေအရက ပြည်သူပိုင်နံရံတွေမှာ ဆွဲရင် ပြည်သူတွေအမြင်ဆိုးစေတာဆွဲရင် ဥပဒေအရ အရေးယူမယ်တဲ့။ အဲလိုနေရာတွေမှာ ကျနော်မဆွဲတော့ဘူး။ နံရံရှိတဲ့ ခြံထဲတို့မှာတော့ ဆွဲခွင့်ရှိတယ်။ အရင်ဖျက်ဆီးခံရတာ အကြောင်းအမျိုးမျိုးနဲ့ပေါ့။ ဒါပေမယ့် အင်တာနက်မှာပုံကတက်သွားပြီး ပေါက်သွားတော့ စိတ်သက်သာရာရပါတယ်။ ရှေ့ဆက်လုပ်နေတာလည်း ရှိပါတယ်။ ကျနော် ပုံတွေလည်း ဆွဲမယ်။ Solo Show လုပ်ဖို့လည်း ကြိုးစားနေတယ်။ ပန်းချီပြပွဲ လုပ်ဖို့လည်း စီစဉ်နေပါတယ်။ ပန်းချီကားငယ်ငယ်ကတည်းက ရေးပါတယ်။”

ကိုအာကာကျော်က လွန်ခဲ့တဲ့လပိုင်းက အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို လာရောက်စဉ်က အိုဘားမားပုံ ဂရပ်ဗတီကိုလည်း ရေးဆွဲခဲ့ပါသေးတယ်။

ရေးဆွဲပြီး နာရီပိုင်းအတွင်းမှာ ဖျက်ဆီးခံလိုက်ရပေမယ့် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ကိုအာကာကျော်ဟာ လူသိများလာခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့တဲ့ သမ္မတအိုဘားမားရဲ့အခမ်းအနားကို တက်ရောက်ဖို့ ကိုအာကာကျော်ကိုလည်း ရန်ကုန် အမေရိကန်သံရုံးကနေ ဖိတ်စာနဲ့တကွ ဖိတ်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013