A d v e r t i s e m e n t With Us

ပန်းတနော်တွင် စက်လှေ ၂ စီးတိုက်မိပြီး အမျိုးသမီး ၁ ဦးသေဆုံး

ဧရာတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကျုံလမ်းကျေးရွာအနီးမှာ ဇူလိုင် ၂၁ ရက်နေ့ ညနေက စက်လှေ နှစ်စီးမျက်နှာခြင်းဆိုင်တိုက်မိခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ကျုံလမ်းကျေးရွာအနီး မက်ကွန်းအင်းအတွင်းမှာ ညနေ ၅ နာရီ ၃၀ အချိန်လောက်မှာ စက်လှေ ၂ စီးတိုက်မိခဲ့တာဖြစ်ပြီး အသက် ၅၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး ရေနစ်သေဆုံး ခဲ့တာဖြစ်တယ်လို့ သုံးခွနယ်မြေရဲစခန်းမှ ဒုရဲအုပ် ပိုင်မင်းသန့်က ပြောပါတယ်။ “တရားခံကိုဖမ်းမိထားပါပြီ ဒီနေ့ ချုပ်ရမန်ယူဖို့ တရားရုံးမှာ စောင့်နေပါတယ်၊ လောလောဆယ်တော့ စခန်းမှာ အမှုဖွင့်ပြီး စစ်ဆေးတာတွေပြုလုပ်နေပါပြီ” လို့ ပြောပါတယ်။ သုံးခွကျေးရွာဘက်မှ ပြန်လာတဲ့ ဒေါ်စိုးစန္ဒာမင်း မောင်းနှင်ပြီး သေဆုံးသူ အသက် ၅၇ နှစ်အရွယ် ဒေါ်သန်းသန်းဌေး(ခ) ဒေါ်တတ်တူးတို့လိုက်ပါလာတဲ့ စက်လှေနဲ့ အသက် ၂၂ နှစ် အရွယ် မျိုးသန့်အောင် (ခ) ကုလားလေး မောင်းနှင်ပြီး ကိုင်းခုတ်လုတ်သား ၅ ဦးလိုက်ပါလာ တဲ့ စက်လှေဟာ ကျုံးလမ်းကျေးရွာ စာသင်ကျောင်းရှေ့ ချောင်းကွေ့အရောက်မှာ ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ စက်လှေ နှစ်စီးတိုက်မိခဲ့ပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်အတွက် အသက် ၂၂ နှစ်အရွယ် စက်လှေမောင်းနှင်သူ မျိုးသန်းအောင်(ခ) ကုလားလေးကို ရေယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ သုံးခွနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၂၈၀ စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။ မက်ကွန်းအင်းမှာ မိုးတွင်းကာလ စက်လှေတိုက်မှုတွေ ဖြစ်ပွားလေ့ရှိပြီး အခုနှစ်ရာသီမှာတော့ အဆိုပါ စက်လှေနှစ်စီးတိုက်မိမှုဟာ ပထမဆုံးဖြစ်ပွားခဲ့တာလို့  ဒေသခံတွေက ပြောပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ချစ်မင်းထက် (ပန်းတနော်)

A d v e r t i s e m e n t With Us

More News
Up