A d v e r t i s e m e n t With Us

၂၅ နှစ်အတွင်းအဆိုးရွားဆုံး အမှတ်ပေးဇယား ရပ်တည်မှုဖြင့် ရင်ဆိုင်ရတော့မည့် အာဆင်နယ်

အက်စတွန်ဗီလာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အာဆင်နယ်အသင်းဟာ ၁၉၉၅  ခု နှစ်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ရပ်တည်မှုနဲ့ ရာသီပိတ်သိမ်းရဖို့ ရှိနေပြီ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်ရာသီ ပြီးဆုံးဖို့ ၁ ပွဲသာ ကျန်တော့ချိန်မှာ ဗီလာကို ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်တို့ဟာ ရာသီကုန်ချိန်မှာ အဆင့် ၈ ကနေ ၁၀ အတွင်းသာ ရှိနိုင်တော့မှာပါ။  ၁၉၉၅ ခုနှစ်မှာ အာဆင်နယ်အသင်းဟာ အဆင့် ၁၂ နေရာနဲ့ ရာသီပိတ်သိမ်းခဲ့ရပါတယ်။ အဝေးကွင်းပွဲစဉ်အားလုံး ပြီးဆုံးသွားပြီဖြစ်တဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ အဝေးကွင်း ၄ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် သူတို့ရဲ့ အဆိုးရွားဆုံးဖြစ်တဲ့ ၂၀၁၇-၁၈ စံချိန်နဲ့ တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ၄ ပွဲထဲက နိုင်ပွဲ ၂ ပွဲကို ပရီးမီယားလိဂ် ပြန်လည်စတင်ချိန်မှသာ ရရှိခဲ့တာဖြစ်ပြီး ဆောက်သမ်တန်နဲ့ ဝုဗ်အသင်းတို့ကို အနိုင်ရရှိခဲ့ပါတယ်။ အဲဒီမတိုင်ခင် ရာသီအစပိုင်းက နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီစံချိန်တွေအပြင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၃ ရာသီဆက်တိုက် ၁၀ ပွဲ ရှုံးနိမ့်ခဲ့တဲ့ စံချိန်ကိုလည်း ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ လက်ရှိချန်ပီယံ လီဗာပူးအသင်း၊ အက်ဖ်အေ ဖလားမှာ ချန်ပီယံ မန်စီတီးအသင်းတို့ကို အနိုင်ရရှိခဲ့ပြီးချိန်မှာမှ ဗီလာကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီရလဒ်က အသင်းပရိတ်သတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။  ဒီပွဲ ရှုံးနိမ့်ခဲ့မှုဟာ ပွဲဆက်များနေခြင်းကြောင့် ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောဆိုခဲ့ပြီး သူ့ကစားသမားတွေဟာ နောက်လာမယ့်ပွဲစဉ်တွေမှာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာလိမ့်မယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ “ဗီလာအသင်းအတွက် ဂုဏ်ယူပါတယ်။ သူတို့အတွက် ဖိအားတွေ အများကြီးရှိခဲ့ပေမယ့် အခြေအနေတွေကို ကောင်းကောင်းစီမံခန့်ခွဲပြီးတော့ ပွဲကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျနော့်ကစားသမားတွေကလည်း အခြေအနေကောင်းခဲ့ပေမယ့် ဘောလုံးကို မပို့နိုင်ခဲ့ပါဘူး။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ဒါဟာ ခက်ခဲတဲ့ သီတင်းပတ်တစ်ခုဖြစ်ခဲ့ပေမယ့် ကျနော်တို့ ကစားသမားတွေဆီကို နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားလိုတဲ့ စိတ်ဓာတ်ကို မြင်တွေ့ခဲ့ရပါတယ်” လို့ အာတီတာက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up