A d v e r t i s e m e n t With Us

ခိုင်ဟာဗက်ဇ်နဲ့ အပြောင်းအရွှေ့ကိစ္စ ဖြေကြားရန် ချဲလ်ဆီးနည်းပြ လမ်းပတ် ငြင်းဆန်

လေဗာကူဆင် ကွင်းလယ်လူ ခိုင်ဟာဗက်ဇ်နဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ လမ်းပတ်က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့ ကစားဖို့ရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ခိုင်ဟာဗက်ဇ်နဲ့ပတ်သက်ပြီး မီဒီယာတွေက နည်းပြလမ်းပတ်ကို မေးမြန်းခဲ့ကြတာပါ။ ဟာဗက်ဇ်ဟာ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် အကြိုသဘောတူညီမှု ရရှိထားကြောင်း သတင်းထွက်ပေါ်ခဲ့တာပါ။ နည်းပြလမ်းပတ်ကတော့ ဟာဗက်ဇ်နဲ့ပတ်သက်ပြီး ပြောစရာမရှိကြောင်းနဲ့ အရင်က ပြောထားခဲ့သလိုပဲ သူက တခြားအသင်းရဲ့ ကစားသမားတစ်ဦးသာ ဖြစ်တယ်လို့ လမ်းပတ်က ပြောပါတယ်။ လီဗာပူးနဲ့ ပွဲစဉ်အတွက်ပဲ အာရုံစိုက်ထားပြီး ချန်ပီယံ လီဗာပူးအနေနဲ့ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်ကစားမယ်လို့ မျှော်လင့်ကြောင်း ချဲလ်ဆီး နည်းပြ လမ်းပတ်က ပြောပါတယ်။  ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာဖို့အတွက် လက်ကျန် ၂ ပွဲမှာ အမှားခံလို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up