လက်ပံတန်းမြို့နယ်၌ အ​ခြေခံပညာအထက်တန်းကျောင်း ၃ ကျောင်းသာ ဖွင့်လှစ်နိုင်

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ဆောင်ရွက်မှုအခြေအနေ A အဆင့်ရတဲ့ အစိုးရအထက်တန်းကျောင်း ၃ ကျောင်းကို ဒီကနေ့ ဇူလိုင် ၂၂ရက်နေ့ က စတင်ဖွင့်လှစ်မယ်လိုါ လက်ပံတန်းမြို့နယ် ပညာရေးမှူးထံက သိရပါတယ်။ ​ဖွင့်ခွင့်ရတဲ့ ကျောင်း ၃ ကျောင်းကတော့ အထကကျေးနီ၊ အထက မကျီးကွင်းနဲ့ အထကဖိုးခေါင်စု ဖြစ်ပါတယ်။ လက်ပံတန်းမြို့နယ်ပညာရေးမှူး ဒေါ်ခင်မျိုးမော်က"ကျမတို့ (A) ရတဲ့ ၃ကျောင်းကို ဒီနေ့ ဖွင့်ဖို့ကို၊ ကျန်းမာရေးဌာနရဲ့ ဟောပြောပွဲရှိတာကြောင့် ဒီနေ့ မဖွင့်ဖြစ်လိုက်တာပါ။ မနက်ဖြန် ၂၂ရက်နေ့ကို (A) အဆင့်ရထားတဲ့ ကျောင်း ၃ ကျောင်း စပြီးဖွင့်ပါမယ်၊ B နဲ့ C ရထားတဲ့ ကျောင်းတွေကိုလည်း အားလုံး ပြင်ဆင်ပြီးပြီ ဖြစ်လို့ A အဆင့်အနေနဲ့ အားလုံး အဆင်သင့်ဖြစ်နေပါပြီ၊ တိုင်းက ညွှန်ကြားချက်ကတာနဲ့ အားလုံးဖွင့်မှာပါ" လို့ ပြောပါတယ်။ လက်ပံတန်းမြို့နယ်မှာ အထက်တန်းကျောင်း ၁၂ ကျောင်းနဲ့ အထက်တန်း(ကျောင်းခွဲ) ၈ ကျောင်းရှိပြီး၊ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအဆင့် သတ်မှတ်ချက်မှာ (A) အဆင့် (၃)ကျောင်း၊ (B) အဆင့် (၅) ကျောင်းနဲ့ (C) အဆင့် (12)ကျောင်း ရရှိခဲ့ပြီး ဖွင့်လှစ်ခွင့်ရတဲ့ ကျောင်းတွေကို တစ်ပတ်တက် တစ်ပတ်နား အစီအစဉ်နဲ့  ၉တန်း၊ ၁၀တန်း ကို တစ်လှည့်စီ တက်ဖို့  စီစဉ်ထားတာ ဖြစ်ပါတယ်။ လက်ပံတန်းမြို့နယ် တစ်မြို့နယ်လုံးအနေနဲ့ ၁၀ တန်းကျောင်းသား ၂၂၈၈ ယောက်နဲ့ ၉ တန်းကျောင်းသား ၁၉၁၇ ယောက် ကျောင်းတက်ဖို့ အပ်နှံပြီး ကြောင်း သိရပါတယ်။ သတင်း/ဓာတ်ပုံ ဝဏ္ဏထွန်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up