Home
မြန်မာသတင်း
ထိုင်းအမျိုးသမီးလမ်းပြနှင့်အတူ တရားမဝင် လာရောက်သည့် မြန်မာ ၁၈ ဦးကို ထိုင်းရဲ ဖမ်းဆီး
DVB
·
July 22, 2020
ထိုင်းအမျိုးသမီးလမ်းပြ တစ်ဦးနဲ့အတူ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင် လာခဲ့တဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်ကို ထိုင်းအနောက်ပိုင်းနယ်စပ်ခရိုင် ဆန်ခလဘူရီ ဒေသတွင်းမှာ ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဆန်ခလဘူရီခရိုင်အုပ်ချုပ်ရေးမှူး ပါခွန်ကန်ဝါလီက သူတို့ဟာ နယ်စပ်ဖြတ် ကျော်ပြီး နွန်လူကျေးရွာထဲက ရာဘာစိုက်ခင်းဆီ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၅ နာ ရီလောက်က ရောက်ရှိလာခဲ့တယ်လို့ ပြောပါတယ်။        အဲဒီနောက်တော့ သူတို့ကို တိုယိုတာဗီဗိုပစ်ကပ်ကားတစီးနဲ့ အသင့် စောင့်နေခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် ထိုင်းအမျိုးသမီး ခွန်နစ်ပါ အမွန်ဒက်ချာခွန်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီနောက်မှာ သူတို့ကို ဗဂျီရာလောင်ကွန်းဆည်ဆီ လှေနဲ့ ခေါ်ဆောင်သွားခဲ့ချိန် မှာတော့ ငါးဖမ်းသမားတွေ အသွင်ယူပြီး စောင့်နေခဲ့တဲ့ ဒေသတွင်း ကာကွယ်ရေးစေတနာ့ဝန်ထမ်း ၂ ယောက်ရဲ့ အကူအညီနဲ့ သူတို့တစ်အုပ်စုလုံးကို လက်ရဖမ်းဆီးနိုင်ခဲ့တာပါ။ ရဲတွေနဲ့ ဒေသတွင်းအာဏာပိုင်အဖွဲ့တာဝန်ရှိသူတွေ ရောက်ရှိခဲ့ပြီးနောက်မှာတော့ သူတို့ကို ဆန်ခလဘူရီရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပါတယ်။ လမ်းပြထိုင်းအမျိုးသမီး ခွန်နစ်ပါကိုတော့ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူ တွေကို ကူညီပေးမှုနဲ့ ရောဂါထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်ကို ဖောက်ဖျက်မှုနဲ့ အရေးယူသွားမှာဖြစ်ကာ ခိုးဝင်မြန်မာနိုင်ငံသားတွေကိုလည်း တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံတွင်း ခုလိုဝင်ရောက်ခွင့်ရဖို့အတွက် တယောက်ကို ဘတ်ငွေ ၇၅၀၀ စီပေးခဲ့ကြရပြီး ဘန်ကောက်နဲ့ အနီးနားဒေသတွေမှာ အလုပ်ရှာဖို့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ခဲ့တာလို့ ရဲတွေကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024