ဘုန်းမောက် နောက်ခံလူ နသန်အကီကို ခေါ်ယူရန် မန်စီးတီး ဆွေးနွေးမည်

မန်စီးတီးအသင်းဟာ ဘုန်းမောက်နောက်ခံလူ နသန်အကီကို ခေါ်ယူဖို့ ဆွေးနွေးတော့မယ်လို့ သိရပါတယ်။ ဘုန်းမောက်အသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ တန်းဆင်းသွားရဖို့ရှိနေပြီး ချဲလ်ဆီး ကစားသမားဟောင်း နသန်အကီကို ထိပ်တန်းကလပ်တွေက ခေါ်ယူလိုနေတာပါ။  မန်စီးတီးအသင်းက ဗဟိုခံစစ်ပိုင်းမှာ အဆင်မပြေ ဖြစ်နေတာကြောင့် နသန်အကီကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ ဆွေးနွေးတော့မယ်လို့ ဆိုပါတယ်။ အသက် ၂၅ နှစ်ရှိ အကီဟာ ဘယ်နောက်ခံလူနေရာမှာလည်း ကစားနိုင်ပြီး ချဲလ်ဆီးအသင်းကလည်း ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိခဲ့ဖူးပါတယ်။ ဟော်လန် နောက်ခံလူ အကီဟာ ချဲလ်ဆီးအတွက် ၇ ပွဲ ကစားခဲ့ဖူးပြီး ရက်ဒင်း၊ ဝက်ဖို့ဒ်နဲ့ ဘုန်းမောက်အသင်းတွေမှာ အငှားထွက်ကစားခဲ့ကာ ၂၀၁၇ ခုနှစ်က ဘုန်းမောက်နဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့တာပါ။  မန်စီးတီးအသင်းဟာ လာမယ့်အပြောင်းအရွှေ့မှာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပစ်မှတ်ထားနေပြီး နာပိုလီက ကူလီဘာလီ၊ ဆီဗီလာက ဒီယေဂိုကားလို့စ်နဲ့ လက်စတာက ဘင်ချီဝဲလ်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up