DVB Logo
Home
မြန်မာသတင်း
လားရှိုး မန်ဆူရှမ်းဘုန်းကြီးကျောင်းတွင် ဒုက္ခသည် ၁၀၀၀ ခန့် ခိုလှုံ
DVB
·
May 30, 2013
လားရှိုး မန်ဆူရှမ်းဘုန်းကြီးကျောင်းတွင် ဒုက္ခသည် ၁၀၀၀ ခန့် ခိုလှုံ
Donate to DVB

ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဧပြီ ၂၈ နဲ့ ၂၉ ရက် အကြမ်းဖက်မီးရှို့မှုတွေကြောင့် နေအိမ်တွေ မီးလောင် ပျက်စီးသွားတဲ့အတွက် နေစရာမရှိတဲ့ ဒုက္ခသည် ၁၀၀၀ လောက် လားရှိုးမြို့ပေါ်က မန်ဆူရှမ်းဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြတယ်လို့ ကျောင်းထိုင်ဆရာတော်  ဦးပုညက မိန့်ပါတယ်။

“အစ္စလာမ်ဘာသာဝင်တွေရော၊ တခြားဘာသာဝင်တွေရော ၁၀၀၀ လောက်ရှိမယ်၊ ရောက်လာကြပါတယ်။ နေထိုင်စရာတွေ အားလုံး အခက်အခဲတွေဖြစ်နေတော့ တဆင့် တဆင့် အကူအညီတောင်းတော့ ဟိုမှာလည်းနေစရာမရှိ၊ ဒီမှာလည်း မရှိဆိုတော့ ဘုန်းဘုန်းတို့ လူသားချင်းစာနာတဲ့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ်လေ ခဏဖြစ်ဖြစ် အခြေအနေအေးချမ်းသွားတော့မှ ကိုယ့်အိမ်ကိုယ်ပြန်နေကြ၊ အခုတော့ ဘုန်းဘုန်းတို့ဆီ ၂-၃ ရက်လောက် နေကြလို့ မိန့်ထားတယ်။ အခုက တည်ငြိမ်အေးချမ်းအောင် လိုက်လုပ်နေတဲ့ ကာလကိုး။”

ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေသူတွေဟာ လားရှိုးမြို့ပေါ် ၇ ၊ ၉ နဲ့ ၁၀ ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး အစ္စလာမ်ဘာသာဝင် အများစုဖြစ်တယ်လို့ မိန့်ပါတယ်။

မေ ၂၉ ရက်နေ့ ညကတည်းက ဘုန်းကြီးကျောင်းကို လာရောက်ခိုလှုံနေကြတာဖြစ်ပြီး သူတို့တွေ စားသောက်ရေးအတွက် ရပ်မိရပ်ဖ၊ စေတနာရှင်အလှူရှင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) တို့က ၀ိုင်းဝန်း ထောက်ပံ့ထားကြတယ်လို့လည်း ဆိုပါတယ်။

မေ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့များမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီးနဲ့ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက တရားဝင်သတင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013