စပိန်ကွင်းလယ်လူ ကာဇိုလာ ကာတာကလပ်အသင်းဆီ ပြောင်းရွှေ့ကစားမည်

968
စပိန်ကွင်းလယ်လူ ကာဇိုလာဟာ ဗီလာရီးရဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ကာတာကလပ် အယ်လ်ဆတ်အသင်းကို ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။
အယ်လ်ဆတ်အသင်းဟာ စပိန်နည်းပြ ဇာဗီ ကိုင်တွယ်နေတဲ့အသင်းဖြစ်ပြီး လက်ရွေးစင် အသင်းဖော်ဟောင်း နှစ်ဦး ပြန်လည်တွေ့ဆုံကြမှာပါ။
ဇာဗီဟာလည်း အယ်လ်ဆတ်မှာ ၄ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်က နည်းပြချုပ်အဖြစ် စတင်တာဝန်ယူခဲ့တာပါ။
အသက် ၃၅ နှစ်ရှိ ကာဇိုလာဟာ ဗီလာရီးရဲလ်နဲ့ ၂ ရာသီကာလအတွင်းမှာ စုစုပေါင်း ၈၆ ပွဲ ကစားပြီး ၂၂ ဂိုး သွင်းခဲ့ပါတယ်။
အယ်ဆတ်အသင်းဟာ ကာတာလိဂ် လက်ရှိချန်ပီယံအသင်း ဖြစ်ပေမယ့် အခုနှစ်ရာသီမှာတော့ ပွဲစဉ် ၁၇ အပြီးမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။