DVB Logo
Home
မြန်မာသတင်း
၄ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှုဖြင့် ၇ တန်း ကျောင်းသားကို အမှုဖွင့်
DVB
·
July 20, 2020
၄ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှုဖြင့် ၇ တန်း ကျောင်းသားကို အမှုဖွင့်
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောက်အိုင်ကျေးရွာမှာ ဇူလိုင် ၁၉ ရက်နေ့က ၄ နှစ် မိန်းကလေးငယ်ကို ၇ တန်းကျောင်းသားက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းထားတယ်လို့ ခမုံဆိပ်နယ်မြေရဲစခန်း နယ်ထိန်းအရာရှိ ဒုရဲအုပ်သက်ဝေလွင်က ပြောပါတယ်။

အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မိခင်အိပ်ပျော်နေတဲ့အချိန်မှာ အိမ်နီးချင်းဖြစ်သူ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားက အိမ်နောက်ဘက် ချဉ်ပေါင်ခင်းထဲ ခေါ်ယူပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ပြုကျင့်တဲ့ ကောင်လေးကလည်း အသက်မပြည့်သေးတဲ့သူ ဖြစ်တာကြောင့် တရားရုံးမှာ ချက်ချင်း ရမန်ယူရမှာ ဖြစ်ပေမဲ့ ရုံးပိတ်ရက်ဖြစ်နေတာကြောင့် ကျနော်တို့ တရားသူကြီးကို ​အကြောင်းကြားထားပါတယ်။ ရာဇဝတ်မှုကြီးဖြစ်တဲ့အတွက် သူ့ကို စခန်းက အရာရှိအိမ်တခုမှာ ထိန်းသိမ်းထားပါတယ်။ မနက်ဖြန် ရုံးဖွင့်တဲ့အခါမှ ကလေးသူငယ်တရားရုံးမှာ ရမန်ယူရမှာ ဖြစ်ပါတယ်။” 

အမှုကို ခမုံဆိပ်နယ်မြေရဲစခန်းမှာ မိခင်ဖြစ်သူ မမိုးမိုးက တရားလိုပြုလုပ် တိုင်တန်းတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ပြီး အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ပံတန်းမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း အခုအမှုအပါအဝင် သက်ငယ်မုဒိမ်းမှု ၄ ခုနဲ့ မုဒိမ်းမှု ၂၊ စုစုပေါင်း ၆ ခု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အများအားဖြင့် ကျေးရွာတွေကပဲ ဖြစ်တယ်လို့ သိရပါတယ်။

​ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်သာယာဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PTY-Group) ရဲ့ ဒါရိုက်တာ ဒေါ်သက်စုရီက “သက်ငယ်မုဒိမ်းတွေဟာ ကျေးလက်နေပြည်သူတွေကြားမှာ အခု တွေ့လာရပါတယ်။ အဓိကကတော့ အရွယ်ရောက်စ ဆယ်ကျော်သက်ကလေးတွေက အရာရာကို လက်တွေ့စမ်းသပ်ချင်ကြတဲ့ အ​နေအထားမှာ ပတ်ဝန်းကျင်နဲ့ မိဘက စောင့်ကြည့်သွန်သင်ပေးဖို့ အရေးကြီးပါတယ်။ အဲဒီလိုမဟုတ်ဘဲ sex အကြောင်းဆိုရင် ရှောင်နေကြပြီး၊ sex education ကို သိရမယ့် အသိဉာဏ်​ဆင်ခြင်မှုတွေအစား တလွဲတွေ သိလာကြတယ်၊ phone တွေထဲမှာလည်း sex movies တွေက လွယ်လွယ်ကူကူ ကြည့်လို့ရနေတော့ အတုခိုးမှားပြီး၊ လွယ်လွယ်ပဲ ကျူးလွန်မိတာပေါ့” လို့ ပြောပါတယ်။

ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013