DVB Logo
Home
မြန်မာသတင်း
ဂျပန်ရင်းနှီးမြှုပ်နှံမှု ၀င်တော့မည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်းများ ကြိုပြင်ရန်လို
DVB
·
May 30, 2013
ဂျပန်ရင်းနှီးမြှုပ်နှံမှု ၀င်တော့မည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်းများ ကြိုပြင်ရန်လို
Donate to DVB

ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ အနှေးနဲ့အမြန်ရောက်လာတော့မှာဖြစ်တဲ့အတွက် ပြည်တွင်းအသေးစားနဲ့ အလက်စားလုပ်ငန်းရှင်တွေ ကြိုတင်ပြင်ဆင်ထားဖို့လိုကြောင်း စီးပွားရေးပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

ကုမ္ပဏီပေါင်း ၄၀ ကျော်မှ လုပ်ငန်းရှင် အကြီးအကဲတွေပါလာတဲ့ ဂျပန်ဝန်ကြီးချုပ် မြန်မာပြည် ခရီးစဉ်ပြီးနောက် ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာမှာ ဖြစ်တဲ့အတွက် အခုလို ပြောဆိုလိုက်ကြတာပါ။



မြန်မာနိုင်ငံစက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က “အခြေခံအဆောက်အအုံတွေ ပြည့်ပြည့်စုံစုံဖြစ်လာဖို့က အရေးကြီးပါတယ်။ အခြေခံအဆောက်အအုံတွေ ကောင်းမှ၊ အဲဒါတွေအပေါ် အားထားပြီးတော့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ လုပ်ရမယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေလည်း ယှဉ်ပြိုင်ချင်တဲ့ စွမ်းအားတွေ မြင့်လာမယ်။ Export သွားမယ်ဆိုရင် ကိုယ်နဲ့ ယှဉ်ပြိုင်နေရတဲ့ နိုင်ငံတွေရဲ့ ပစ္စည်းတွေရဲ့ကွာလတီ၊ တန်ဖိုး ဒါတွေကို ယှဉ်ပြိုင်နိုင်တဲ့ အနေအထားရှိလာမယ်။ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက် အကျိုးရှိမယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကလည်း မိမိ စွမ်းဆောင်နိုင်စွမ်းမရှိသော၊ လိုအပ်ချက်များဖြစ်သော နည်းပညာပိုင်း၊ ရင်းနှီးမြှုပ်နှံမှုပိုင်းတွေ ရှိမယ်လေ။ နောက် ဈေးကွက်ထိုးဖောက်ဝင်ရောက်နိုင်မှု အပိုင်းတွေရှိမယ်။ ဒါတွေကိုလည်း နိုင်ငံတကာက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ ပူးတွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ပြင်ထားရမယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနှင်းဦးက     “ဘယ်လိုပုံစံနဲ့ ကူညီပေးမယ်၊ ဘယ်ရှုထောင့်ကနေ ပါဝင်ပတ်သက်မယ်ဆိုတာ အသေးစိတ်မသိရသေးဘူး။ မြန်မာပြည်ကတော့ မွေးမြူရေးကို ဦးစားပေးထုတ်လုပ်ရမယ်။ မွေးမြူရေးကို နည်းပညာအရရော ငွေကြေးထောက်ပံ့မှုတွေ ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတာပေါ့။ ဈေးကွက်နဲ့ ပတ်သက်လို့ရော ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတာ ကြည့်ရမယ်။ ကျနော်တို့ကို ကဏ္ဍထူထောင်ဖို့ဆိုတာ ငွေကြေးထောက်ပံ့မှု၊ ငွေကြေးထောက်ပံ့မှုရရင် နည်းပညာရှာဖွေလို့ရတယ်။ နောက် ဈေးကွက်ချိတ်ဆက်မှု ရနိုင်မှ၊ ဒီ ၂ ခုပေါ့” လို့ ပြောပါတယ်။

ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရနိုင်လာမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“ဆန်စက်ဆောက်တဲ့ဟာ အဲဒါက နဂိုကတည်းက ဂျပန်ဝန်ကြီးချုပ်မလာခင်ကတည်းက ဆွေးနွေးလုပ်ကိုင်ထားတာ။ ဂျပန်ဝန်ကြီးချုပ်လာမှ ထူးလုပ်တာမရှိပါဘူး။ ဂျပန်ဆိုတာလည်း ကမ္ဘာမှာလည်း စီးပွားရေးအရ အင်အားကြီးနိုင်ငံဆိုတော့ ကျနော်တို့နိုင်ငံမှာ လာရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတော့ လက်ကမ်းကြိုပါတယ်။ အလုပ်အကိုင်တွေ ပိုရလာဖို့ ရှိတယ်။ ဒါကို ၀ိုင်းဝန်းဆောင်ရွက်သွားဖို့ ရှိပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013