ဂျော်ဒန်တွင် အခက်အခဲကြုံနေသည့် မြန်မာအလုပ်သမား ၁၄၀ ပြန်လည်ရောက်ရှိ

ဂျော်ဒန်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာအလုပ်သမား ၁၄၀ ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပထမအကြိမ် ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဂျော်ဒန်နိုင်ငံရှိ Rich Pine၊ Century Miracle နှင့် Camel and Vega စတဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေပြီး နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် မြန်မာနိုင်ငံ ပြန်ဖို့ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာအလုပ်သမား အယောက် ၁၄၀ ကို မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) နဲ့ ‌ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ၀၄:၄၅ နာရီအချိန်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။ ပြန်ရောက်လာသူတွေကို ကျန်းမာရေး စိစစ်ရေးနဲ့ ၂၁ ရက်တာ အသွားအလာကန့်သတ် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂျော်ဒန်နိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာနိုင်ငံ ပြန်ဖို့ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာအလုပ်သမားတွေကို ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ စတုတ္ထအပတ်အတွင်း ထပ်ခေါ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up