DVB Logo
Home
မြန်မာသတင်း
မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်မှုနှင့်ပတ်သက်ပြီး ကရင်တပ်ဖွဲ့များကို အစိုးရ သတိပေး
DVB
·
May 29, 2013
Donate to DVB

ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းက ကရင်လက်နက်ကိုင်တွေ သိမ်းဆည်းမြေမှာ ထောင်ထားတဲ့ အလံတွေကို ဒီနေ့ နောက်ဆုံးထားပြီး ဖြုတ်ပေးဖို့ အစိုးရတပ်က အမိန့်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့က ရှေ့တန်းရုံးမှာ ပြုလုပ်တဲ့ အစည်းဝေးအတွင်း အစိုးရ တပ်မတော်မှ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် ထင်မော်ထွန်းက အခုလို သတိပေးပြောဆိုလိုက်တာလို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကေအန်ယူ မြ၀တီဆက်ဆံရေးရုံးရဲ့ ဒု-တာဝန်ခံ ဗိုလ်ကြီးစဂျွန်က ဒီဗွီဘီကို ပြောပါတယ်။

“ဆက်ဆံရေးရုံးမှာတပ်ထားတဲ့အလံနဲ့ မပတ်သက်ပါဘူး။ ဌာနချုပ်ရှိတဲ့နေရာတွေ ကိုယ့်အလံကိုယ်ထောင် ဘာမှမဖြစ်ဘူး။ သူပြောတဲ့ အဓိပ္ပာယ်က တချို့က မြေကွက်တွေလိုက်သိမ်းပြီး အဲမှာစိုက်ထားတဲ့အလံကို ဆိုလိုတာ။ အဲဒီ အလံတွေကိုပဲ ပြန်ရုပ်သိမ်းပေးဖို့ပါ။ မရုပ်ပေးရင် ဥပဒေအရ အရေးယူမယ်တဲ့။”

ဒီနှစ်ဆန်းပိုင်းကစပြီး ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်သော ကရင် ငြိမ်းချမ်းရေး ကောင်စီနဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ) တို့က မြ၀တီမြို့ အာရှလမ်းမကြီးဘေးရှိ  မြေကွက်တချို့ကို သိမ်းယူပြီး အလံတွေ စိုက်ထားတာတွေရှိတဲ့အတွက် အစိုးရဘက်က အခုလို သတိပေးလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကေဘီအေကို မေးမြန်းကြည့်ရာမှာတော့ ဒီမြေသိမ်းမှုဟာ ဒီကေဘီအေ တပ်ဖွဲ့က သိမ်းဆည်းထားတာ မဟုတ်ဘူးလို့  ဗိုလ်မှူးစောဝေထူးက ပြောပါတယ်။

ဒါအပြင် ကရင်ပြည်နယ်ရှိ  လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မြ၀တီမြို့အတွင်း လက်နက်ကိုင်ဆောင်ပြီး မသွားလာဖို့နဲ့ လက်နက်ကိုင်ဆောင်မယ်ဆိုရင် ကြိုတင်အသိပေးဖို့ ဗိုလ်မှူးချုပ် ထင်မော်ထွန်းက ပြောဆိုသွားတယ်လို့ ဗိုလ်ကြီးစဂျွန်က ပြောပါတယ်။

“အဖွဲ့အစည်းတွေအနေနဲ့ မြို့ထဲသွားလာရင် လက်နက်မကိုင်ဆောင်ဖို့၊ တကယ်လိုအပ်လို့ သွားလာစရာရှိလို့ ကိုင်ဆောင်မယ်ဆိုရင် ကြိုတင်အသိပေးဖို့ပေါ့။ စိတ်အထင်ကတော့ အခုက နိုင်ငံခြားသားတွေက ဘားအံ၊ မြ၀တီတို့အထိ လာကြတယ်ဆိုတော့ မြို့ထဲမှာ ကိုးရို့ကားယားတွေ့ရင် မကောင်းဘူးထင်လို့ အခုလို ထုတ်ပြန်တာထင်တယ်။”

ပြီးခဲ့တဲ့ မေ ၂၇ ရက်က သင်္ကန်းညီနောင်ရှိ ရှေ့တန်းစခန်းမှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း ကရင်အမျိုးသားအစည်းအရုံး၊ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်ယူ/ကေအန်အယ်လ်အေ)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ) တပ်ဖွဲ့ အပါအ၀င် နယ်ခြားစောင့်တပ်နဲ့ အစိုးရတပ်က အရာရှိတွေနဲ့ မြ၀တီခရိုင်အုပ်ချုပ်ရေးအရာရှိတွေ တက်ရောက်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013