ပုသိမ်ကြီးတွင် ငွေကျပ်သိန်း ၁,၄၀၀ ကျော် တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ယာနိုက်များ ဖမ်းမိ
DVB
·
July 19, 2020
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ ငွေကျပ်သိန်း ၁,၄၁၀ တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ယာနိုက်တွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၆ ရက်နေ့ ည ၁၁ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဝင်တွေနဲ့ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်စစ်ဆေးရေးစခန်းမှာ ဖိုးလပြည့် မောင်းနှင်ပြီး သက်အောင်သူ လိုက်ပါလာတဲ့ DONGFENG အမျိုးအစားတွဲယာဉ်ကို ရှာဖွေရာမှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ ဆိုဒီယမ်ဆိုင်ယာနိုက် ၂၃,၅၀၀ ကီလို သိမ်ဆည်းရမိခဲ့ပါတယ်။
ဖိုးလပြည့်နဲ့ သက်အောင်သူ တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။