မျိုးတုံးစာရင်းဝင် လီမာမျောက်အမြွာ ၂ ကောက်ကို စင်ကာပူတွင် ပြသ

810
မျိုးတုံးပျောက်ကွယ်စာရင်းဝင် လည်မွေးနီ လီမာမျောက် နှစ်ကောင်ကို စင်ကာပူ တိရစ္ဆာန်ရုံက ဇူလိုင် ၁၇ ရက်မှာ ပြသခဲ့ပါတယ်။
ရှားပါး လည်မွေးနီ မျောက်အမြွာ နှစ်ကောင်ကို ဖေဖော်ဝါရီ ၂၂ မှာ မွေးဖွားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကြောင့် သူတို့မွေးဖွားတာကို အထိမ်းအမှတ်ပွဲ မလုပ်ဖြစ်ခဲ့ပါ ဘူး။
လည်မွေးနီ လီမာမျောက်တွေဟာ တစ်နှစ်မှ တစ်ခါသာ သားပေါက်လေ့ရှိပြီး မျိုးပွားရာမှာ အတော်လေး ခက်ခဲတယ်လို့ စင်ကာပူတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က ဇူလိုင် ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
လော့ဒေါင်းကြောင့် တိရစ္ဆာန်ရုံ ပိတ်ထားတာမို့ ဒီလမှ အဲဒီလည်မွေးနီ အမြွှာမျောက်လေး တွေက တိရစ္ဆာန်ရုံလာသူတွေကို စပြီး နှုတ်ဆက်ကြတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။