အီးယူထိပ်သီးစည်းအဝေး၌ နှုတ်ဆက်နည်းသစ်များ ရေပန်းစား

896
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပြီးနောက် ပထမအကြိမ် အီးယူခေါင်းဆောင်များ မျက်နှာချင်းဆိုင် ထိပ်သီးဆွေးနွေးပွဲမှာ တံတောင်ချင်းတိုက်၊ ခေါင်းငြှိမ့်နှုတ်ဆက်နည်းတွေက ရေပန်းစားနေပါတယ်။
ဇူလိုင် ၁၇ ရက်က ဘရပ်ဆဲမြို့မှာကျင်းပတဲ့ အီးယူထိပ်သီးဆွေးနွေးပွဲကို ခေါင်းဆောင် ၂၇ ယောက်စလုံးက နှာခေါင်းစည်းတွေ တပ်ပြီး တက်ရောက်ခဲ့ပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲမှာ ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်နဲ့ ပေါ်တူကီ ဝန်ကြီးချုပ် အန်တိုနီယို ကော့စတာတို့ကို မွေးနေ့လက်ဆောင်ပေးတာမျိုးလည်း ရှိခဲ့ပါတယ်။
အစည်းဝေးကျင်းပရာ အခန်းမှာလည်း လက်သန့်ဆေးရည်နဲ့ ပိုးသတ်ထားတဲ့ နားကြပ်တွေ ထားရှိပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲမှာ ထူးထူးခြားခြား ကျန်းမာရေး သတိပေးချက်အရ အဆောက်အအုံ အတွင်း သတင်းထောက်တွေ မရှိခဲ့ပါဘူး။
ကပ်ရောဂါနောက်ပိုင်း ပထမဆုံးအကြိမ် မျက်နှာစုံညီလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အီးယူ စီးပွားရေးအတွက် ယူရိုငွေ ဘီလီယံပေါင်းများစွာ ထည့်ဝင်မယ့် ပြန်လည်ကုစာရေး ရန်ပုံငွေ သဘောတူညီချက်ရဖို့ အီးယူခေါင်းဆောင်တွေက မျှော်လင့်နေပါတယ်။