မြန်မာ-အိန္ဒိယနယ်စပ်တွင် အင်အား ၅.၂ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
July 18, 2020
မြန်မာ-အိန္ဒိယနယ်စပ်မှာ မနေ့ည ၁၁ နာရီကျော်လောက်က အင်အား ၅.၂ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃ နာရီ၊ ၀၃ မိနစ်၊ ၅၄ စက္ကန့်အချိန်က ဟားခါးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၄၁မိုင် ခန့်ကွာဝေးတဲ့ (Myanmar- India Border Region) မြောက်လတ္တီတွဒ် ၂၃.၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၃၂ ဒီဂရီ၊ အနက် ၈ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။
အလားတူ ဇူလိုင် ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၁ နာရီ၊ ၀၃ မိနစ်၊ ၀၃ စက္ကန့် အချိန်ကလည်း ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၃၄၁ မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် ၁၂.၀၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၉၈ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၅.၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။