ဝင်ငွေခွန်ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်ထံတင်သွင်း 

စည်းကြပ်မှုကလွတ်ကင်းနေတဲ့ ဝင်ငွေခေါင်းစဉ်နဲ့ အခွန်ကောက်တာ ပယ်ဖျက်ထားတဲ့ ၂၀၂၀ ပြည့်နှစ် ဝင်ငွေခွန်ဥပဒေကြမ်းကို ဇူလိုင် ၁၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက တင်သွင်းပါတယ်။ လက်ရှိမှာ နည်းလမ်းအမျိုးမျိုးနဲ့ အခွန်လွတ်ကင်းခဲ့တဲ့ ဝင်ငွေအပေါ် စည်းကြပ်မှုကနေ လွတ်ကင်းသော ဝင်ငွေခေါင်းစဉ်နဲ့ နှုန်းထားမြင့်မြင့်သတ်မှတ်ပြီး အခွန်ကောက်ခံနေတာဖြစ်ပြီး တစ်ချို့နှစ်တွေမှာအခွန်နှုန်းထားတွေ လျှော့ချပြီး မက်လုံးပေး ကောက်ခံခဲ့တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ စည်းကြပ်မှုကနေ လွတ်ကင်းနေတဲ့ ဝင်ငွေခေါင်းစဉ်နဲ့ အခွန်ကောက်ခံတာကို တရားမဝင်ရရှိတဲ့ပစ္စည်းတွေ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နဲ့လည်းကောင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆောင်ရွက်တဲ့ကိစ္စတွေနဲ့လည်းကောင်း သက် ဆိုင်ခြင်းမရှိစေရလို့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေတွေမှာ နှစ်စဉ် ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ဒီလို ဝင်ငွေ ခေါင်းစဉ်နဲ့ ဝင်ငွေခွန်ကောက်ခံနေတာဟာ ငွေကြေးခဝါချမှုကို အထောက်အကူဖြစ်စေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြနေတယ်လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။ “ ဒါ့အပြင် အခွန်အကောက်တွေကို ကျေပွန်အောင်ထမ်းဆောင်နေတဲ့ အခွန်ထမ်းကောင်းတွေရဲ့ အခွန်ထမ်းဆောင်လို စိတ်ကို ပျက်ပြားစေပြီး အခွန်တာဝန်ကို လိုက်နာသူနဲ့ ပျက်ကွက်သူတွေကြား မျှတမှုမရှိအောင် ဖန်တီးပေးနေသလိုဖြစ်တဲ့ အတွက်ကြောင့် ဒါကို ပယ်ဖျက်ရခြင်း ဖြစ်ပါတယ်။” နောင်မှာ အခွန်ဆိုင်ရာပျက်ကွက်မှုတွေကို တခြားနိုင်ငံတွေနည်းတူ အခွန်ဆိုင်ရာစီမံခန့်ခွဲမှုနည်းလမ်းနဲ့သာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေခေါင်းစဉ်နဲ့ အခွန်ထမ်းဆောင်ခြင်းကို ဆက်လက်ပြီး ခွင့် ပြုဖို့ မသင့်တော့ဘဲ အခွန်ဆိုင်ရာပျက်ကွက်မှုတွေအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနဲ့အညီ စိစစ်ဖော်ထုတ်ခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်း စတဲ့ အခွန်စီမံခန့်ခွဲမှုနည်းလမ်းနဲ့ ထိရောက်စွာ အရေး ယူဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ ဝင်ငွေတွေအပေါ် စည်းကြပ်မှုကို ကျပ်သိန်း ၁၀၀၀ ထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀၀ အထက်မှ ကျပ်သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၃၀၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံနေတာဖြစ်ပါတယ်။ အခုတင်သွင်းထားတဲ့ ၂၀၂၀ ပြည့်နှစ် ဝင်ငွေခွန်ဥပဒေကြမ်းမှာ နိုင်ငံတကာကုန်မ္ပဏီကြီးတွေက စီမံချက်ချပြီး ဆောင်ရွက်လေ့ရှိတဲ့ အခွန်တိမ်းရှောင်မှုတွေကို ထိရောက်စွာဟန့်တားကာကွယ်နိုင်ဖို့အတွက်ကိုလည်း ထည့်သွင်းရေးဆွဲထား တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up