အမေရိကန်သမ္မတ တွစ်တာဆက်သုံးမည်

လူမှုကွန်ရက်တွစ်တာဝက်ဘ်ဆိုက်ကို ထွင်းဖောက်ဝင်ရောက် hack လုပ်တာတွေ ရှိနေပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တွစ်တာကို ဆက်သုံးနေဦးမှာဖြစ်ပြီး သူ့အကောင့်ကလည်း လုံခြုံမှု ရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။  သမ္မတဟာ တွစ်တာမှာ ဆက်ရှိနေမှာဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေအတွင်း သူ့အကောင့်လုံခြုံခဲ့ တယ်လို့ သူက ပြောပါတယ်။  ပြောခွင့်ရအမျိုးသမီး မက်အီနန်နီက ဗြိတိန်အမျိုးသားဆိုင်ဘာလုံခြုံရေးဗဟိုဌာန (NCSC) ကပြောတဲ့ ရုရှားဟက်ကာတွေဟာ ကမ္ဘာတဝန်းဆေးဝါးအဖွဲ့အစည်းတွေဆီက ကိုဗစ်-၁၉ ဆေးဝါး နဲ့ကုသနည်းသုတေသနတွေကို ခိုးယူဖို့ကြိုးစားနေတယ်ဆိုတဲ့ စွဲချက်ကိုလည်း တုံ့ပြန်ခဲ့ပါတယ်။  ဗြိတိန်၊အမေရိကန်နဲ့ကနေဒါတို့ရဲ့ ပူးပေါင်းထုတ်ပြန်မှုအရ တွစ်တာမှာ hack ခဲ့တဲ့ အုပ်စု ဟာ APT29 ခေါ်  'Cozy Bear'’အဖွဲ့ဖြစ်ပြီး သူတို့ဟာ ရုရှားထောက်လှမ်းရေးက ဖြစ်တယ်လို့ ဆိုပါတယ်။  ရုရှားဘက်ကတော့ ဗြိတိန်ရဲ့စွဲချက်တွေကို သင့်လျော်တဲ့အထောက်အထားမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up