လိဒ်ယူနိုက်တက်အသင်း ချန်ပီယံဆုဖလားရရန် နီးစပ်လာ

ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ လက်ကျန် ၂ ပွဲမှာ ၁ မှတ်ရရှိရုံနဲ့ ချန်ပီယံဆု ဖလားရယူပြီး  ပရီးမီးယားလိဂ်ကို တန်းတက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဇူလိုင် ၁၆ ရက်က ကစားခဲ့တဲ့ပွဲစဉ် ၄၄ မှာ ဘန်စလေအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဒုတိယနေရာက ဝက်စ်ဘရွန်းကို ၅ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။  လက်ကျန် ၂ပွဲမှာ ဒါဘီ၊ ချာတန်အသင်းတွေနဲ့ ကစားရမှာဖြစ်ပြီး အဲဒီ ၂ ပွဲမှာ ၁မှတ်ရရှိရုံနဲ့ ချန်ပီယံဖြစ်မှာပါ။  လက်ကျန် ၂ ပွဲ အလိုမှာ အဆင့် ၃ က ဘရန့်ဖို့ ဒ်အသင်းကို ၆ မှတ်ဖြတ်ထားတာကြောင့် ပရီးမီးယားလိဂ်ကို တန်းတက်ဖို့လည်း သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။  လိဒ်ယူနိုက်တက်နည်းပြ  မာဆယ်လိုဘီယက်ဆာကတော့ ချန်ပီယံမဖြစ်သေးတာကြောင့် အဆုံးသတ်အချိန်အထိ အာရုံစိုက်ကစားဖို့ ကစားသမားတွေကို တိုက်တွန်းထားပါတယ်။ လိဒ်ယူနိုက်တက် အသင်းဟာ ၂၀၀၄ ခုနှစ်က ပရီးမီးယားလိဂ်မှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့ပြီး ၁၆နှစ်ကြာမှာ တန်းတက် ကစားခွင့်ရတော့မှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up